ကိုယ်ကျင့်အဘိဓမ္မာ/ဧကာဒသမအခန်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဧကာဒသမ အခန်း

ဧကာဒသမ အခန်း

[ဤအခဏ်း၌ ဘုံနှင့် စပ်၍ မှတ်ဘွယ်ပါသည်။]

ဘုံ

သတ္တဝါတို့၏ တည်နေရာအရပ်ကို ပါဠိလို “ဘူမိ” မြန်မာလို “ဘုံ”ဟု ခေါ်သည်။ ထိုဘုံသည် အပါယ် ၄-ဘုံ ကာမ သုဂတိ ၇-ဘုံ ဗြဟ္မာဘုံ ၂၀-အားဖြင့် ၃၁-ဘုံရှိ၏၊ ထိုတွင် အပယ် ၄-ဘုံ ဟူသည် ငရဲဘုံ တိရစ္ဆာန်ဘုံ ပြိတ္တာဘုံ, အသုရကာယ်ဘုံတည်း၊ ကာမသုဂတိ ၇-ဘုံဟူသည် လူဘုံနှင့် နတ်ပြည် ၆-ထပ်တည်း၊ နတ်ပြည် ၆-ထပ်ကား စတုမဟာရာဇ် တာဝတိံသာ, ယာမာ, တုသိတာ, နိမ္မာန-ရတိ ပရနိမ္မိတ ဝသဝတ္တိတည်း၊ ဗြဟ္မာ ၂၀ တွင် ရူပဗြဟ္မာဘုံ ၁၆, အရူပဗြဟ္မာဘုံ ၄-ဘုံတည်း။