ကိုယ်ကျင့်အဘိဓမ္မာ/ကျမ်းစာရှုနည်း နိဿယ

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ကျမ်းစာရှုနည်း နိဿယ

ကျမ်းစာရှုနည်း နိဿယ

၁။ မိမိနှင့် သင့်တော်သော ကျမ်းစာအုပ်ကို ရလျှင် နေ့စဉ်မှန်မှန် ကြည့်ရှုကာ နိဒါန်းမှစ၍ နိဂုံးတိုင်အောင် ကြည့်ရှုသင့်ပါသည်၊ နိဒါန်း၌ ကျမ်းစာ၏ ရည်ရွယ်ချက်များ ပါရှိတတ်၍ နိဂုံး၌ ကျမ်းဆရာ၏ အကြောင်း အတ္ထုပ္ပတ္တိဖြစ်စေ, အရေးကြီးသော အကြောင်းအရာဖြစ်စေ ပါရှိတတ်သည်။]

၂။ ထိုကျမ်းစာ၌ ကြည့်ရှုရင်းပင် မိမိနှစ်သက်ဘွယ် အချက်များကို သို့မဟုတ် မိမိသဘောအားဖြင့် မသင့်ဟု မှတ်ထင်ရသော အချက်များကို သို့မဟုတ် မိမိချည်း မဆုံးဖြတ်နိုင်၍ ပညာရှိအထံ မေးဘွယ် အချက်များကို အောက်ခြေက မင်တား၍သော်လည်းထားပါ၊ သို့မဟုတ် မျက်နှာနံပါတ်ကိုသော်လည်း မှတ်သားပါ။

၃။ အားလပ်ခွင့်ရသောအခါ ထိုမှတ်သားထားသော အချက်များကို သဘောတူဖြစ်လျှင် ထပ်ကာထပ်ကာ ကြည့် သို့မဟုတ် ကျက်ထားပါ၊ သဘောမကျလျှင် ပညာရှိနှင့်တွေက မေးမြန်းပါ။

ဤကဲ့သို့ လေ့လာကြမှသာ မိမိမှာ အကြားအမြင် ဗဟုသုတ တိုးပွားသူဖြစ်၍ အရာရာ စဉ်းစား နှိုင်းချိန်းလေ့ရှိကာ ကျမ်းစာ ကြည့်ရှုရကျိုး နပ်ပါလိမ့်မည်။

ဟိတောပဒေသ

အကြင်သူမှာ မိမိကိုယ်ပိုင် ဉာဏ်မရှိ၊ ထိုသူ့မှာ ကျမ်းစာသည် အသုံးမဝင်၊ မျက်စိ မမြင်သူမှာ အဖိုးထိုက် အဖိုးတန် ကိုယ်လုံးပေါ် မှန်ကြီးကို ဘယ်လို အသုံးချမည်နည်း။