Template:Welcome/i18n/my

မင်္ဂလာပါ {{{1}}}၊ ဘာသာစကားစုံ ဝီကီရင်းမြစ်က ကြိုဆိုပါတယ်။ ပရောဂျက်အပေါ် သင့်စိတ်ပါဝင်စားမှုကို ကျေးဇူးတင်ပါတယ်။ ဒီနေရာမှာ သင့်လုပ်ဆောင်ချက်တွေနဲ့ အသိုင်းအဝိုင်းမှာ သင်ပျော်ရွှင်ကြည်နူးလိမ့်မယ်လို့ ကျွန်ုပ်တို့ မျှော်လင့်ပါတယ်။
ဒီ ဝီကီက မူလ ဝီကီရင်းမြစ် ဝီကီ ဖြစ်ပြီး မူရင်းလုပ်ဆောင်ချက်တွေကို ဘာသာစကားများစွာဖြင့် လွှင့်တင်ထားပါတယ်။ စုဆောင်းထားမှု အသီးသီးတွေကို သီးခြားပရောဂျက်တွေဆီ ခွဲထုတ်လွှင့်တင်ပြီးတဲ့အခါ၊ ဒီဝီကီကို ဗဟိုပေါင်းစည်းဆက်သွယ်ရာနေရာအဖြစ်နဲ့ ဘာသာစကားဒိုမိန်းမရှိထားသေးတဲ့ ဘာသာစကားတွေရဲ့ ပတ်ဝန်းကျင်နေရာအဖြစ် ထားရှိပါတယ်။ ဒီဝီကီမှာ ဘယ်ဘာသာစကားတွေ ရှိသလဲဆိုတာကို ကျွန်ုပ်တို့ရဲ့ ဘာသာစကားများ စာရင်းမှာ ကြည့်ပါ။ သီးခြားဘာသာစကား ပရောဂျက်စာရင်းကို ဗဟိုစာမျက်နှာ သို့မဟုတ် ဒီနေရာမှာ သင် ရှာဖွေနိုင်ပြီး သီးခြားဘာသာစကားပရောဂျက်တွေရဲ့ ကန့်သတ်ထားတဲ့ လုပ်ဆောင်မှုတွေကို ကျွန်ုပ်တို့ရဲ့ ပူးပေါင်းဆက်သွယ်မှု စာမျက်နှာမှာ သင် ကြည့်ရှုနိုင်ပါတယ်။
အသိုင်းအဝိုင်းအကြောင်း နောက်ထပ် မေးခွန်းများနဲ့ ဆွေးနွေးချက်များအတွက် Scriptorium မှာရှိပါတယ်။
သင်ဆန္ဒရှိပါက သင်ကူညီနိုင်မယ့် လုပ်ဆောင်စရာများကို လူထုပေါင်းကူးမှာ စာရင်းပြုထားပါတယ်။ သင့်မှာမေးခွန်းများရှိပါက ကျွန်ုပ်အား ဆွေးနွေးချက်စာမျက်နှာမှာ လွတ်လပ်စွာ ဆက်သွယ်နိုင်ပါတယ်။