အလောင်းမင်းတရားကြီး ဘုန်းတော်ဘွဲ့ လေးချိုးကြီး

From Wikisource
Jump to navigation Jump to search
အလောင်းမင်းတရားကြီး ဘုန်းတော်ဘွဲ့ လေးချိုးကြီး  (1916) 
by သခင်ကိုယ်တော်မှိုင်း
မှာတော်ပုံဝတ္ထု အတွဲ (၂) မှ

မြန်မာပြည်ပျက်ခါနီးတွင်မှ၊ မကြာမရှည် ဆက်မှာအပြီးသာပ၊ (အိုကွယ်) စက်ရတနာ မီးရယ်တဲ့ ဘုန်းတော်ဖြာ။ (​ေဩာ်) သတင်းကောင်းလိုက်ပါဘိသနှင့်၊ အသင်းအပေါင်းတွေနဲ့၊ မင်းလောင်း အောင်ဇေယျတဲ့နှော၊ တောင်မြေကမ္ဘာမှာ ပြောင်ဝေသမ္ဘာ လျှမ်းပေသမို့၊ နောင်အရှေအကြာ မောင်ရွှေမြန်မာတို့ လွမ်းလောက်ပေရဲ့၊ ရွှေပဟိုရ် ရွှေဘိုက ယွန်းချိန်မို့ကွယ်။ ထွန်းသိုက်ဩဘာ။ အရှိန်အဝါ မှိန်စရာကို၊ ဇနိန္ဒာက ကြားပြန်တော့၊ တဣန္ဒာ ဝတိံသာက သိကြားတောင်မှ၊ ကြောက်အားနှင့် ကျောက်ပြားက တရှောင်ရှောင် ပူရှာသလို၊ (အို) ဗလောင်ဆူပါလို့ တောင်ငူရာဇာတို့ စိတ်မအေး။ ရှိန်ကြွသမ္ဘာ (​ေဩာ်) အချိန်ကျတော့ နှိမ်တယ်လို့ ရတော့မလား၊ (ဘုန်းခင်ရဲ့) သိင်္ဂမြေမဟာပ ရွှေတန်ဆာထံတော်ရင်းမှာလ၊ မင်းလောင်း မပေါ်စရာဖို့တဲ့၊ မြော်မြော်စာစာ အစဉ်အလာကမှ မသိကြလေဘု၊ မဟော်သဓာလို ပညာရှိတွေတဲ့၊ (​ေဩာ်) တော်စွာလျော်စွာနဲ့ သရော်စရာလို၊ ဆရာတော်အဖြာဖြာ သင်္ဃာတွေကလည်း အပြည့်ပါပဲ၊ နှိုင်းညှိကာ တိုင်းကြီ့းရာဇာ မတိမ်းရအောင်တဲ့၊ နှုန်းပြောင်ပြောင် ရုံးထောင်လို့ ကြိမ်းပေမယ့်၊ ကုန်းဘောင်ကို ဘုန်းရောင်ငြိမ်းရောဟဲ့လို့၊ (အမယ်မင်း) ကိန်းကျေမှ အေးမယ်လို့ (တပည့်ရယ်) ကျိန်းချေကြသေး။


PD-icon.svg This work was published before January 1, 1925, and is in the public domain worldwide because the author died at least 100 years ago.