ဗိုလ်မှူး အတွင်းဝန်တို့ကို ပြန်ဆိုသည့် အမိန့်တော် ကြေးနန်းစာ

From Wikisource
Jump to navigation Jump to search
ဗိုလ်မှူး အတွင်းဝန်တို့ကို ပြန်ဆိုသည့် အမိန့်တော် ကြေးနန်းစာ  (၁၈၈၅) 
လွှတ်တော်က မြစ်စဉ်တလျှောက်ရှိ ကြေးနန်းရုံးမှ ခံစစ်ပြင်နေသော ဗိုလ်မှူး ဗိုလ်ချုပ်များထံ ပြန်သော အမိန့်တော်

မိစ္ဆာကုလားတို့ ထိပါးဝင်ရောက်လာညသ်ကို ခုခံတိုက်ခိုက်ဘမ်းဆီးဆက်သစေမည်။ ဗိုလ်မှူးဗိုလ်ချုပ်တို့ကို ဧရာဝတီကြောင်း မြို့ရွာများသို့ အသီးအသီး ခွဲဝေစေလွှတ်စွဲရပ်ရှိသည်မှာ တိုက်ခိုက်လုပ်ကြံပုံအရေးအရာများကို အားရတော်မမူဖြစ်၍ များစွာသော ဗိုလ်ရဲမက်တော်အပေါင်း ချံရန်လျှက် ရွှေကြက်ယက်တောင် အောင်မြေအရပ်သို့ ကိုယ်တော်တိုင် ရွှေစက်တော်မြတ် ဖြန့်ချီတော်မူပြီးလျှင် မိစ္ဆာကုလားတို့ကို လက်ရသိမ်းယူတော်မူမည်။ ချီတက်ရပ်နေရှိသည့် ဗိုလ်မှူးဗိုလ်ချုပ် သိနှင့်စေအောင် အမိန့်တော်ပြန်ဆိုစေ။

၁၂၄၇ ခု၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်၊ နေ့ ၁ မောင်းအချိန် ရိုက်။