တောင်ငူမြို့နှင်း ပြန်တမ်းကြီး

From Wikisource
Jump to navigation Jump to search

ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော အသျှင် ဘဝရှင်မင်းတရားကြီးဘုရား အမိန့်တော်ရှိသည်။ မင်းရဲကျော်ထင်ကို ကေတုမတီမြို့ကို တိုင်းခရိုင်နှင့်တကွ ငါ သနားတော်မူသည်။ သို့ သနားတော်မူကြောင်းလည်း မင်းရဲကျော်ထင်သည် ငါအသျှင် ဘဝရှင်မင်းတရားကြီးဘုရား ခမည်းတော်မင်းတရား သားတော်ဖြစ်၍ ကေတုမတီမြို့ကို တိုင်းခရိုင်နှင့်တကွ ငါ သနားတော်မူသည်။ ငါအသျှင် ဘဝရှင်မင်းတရားကြီးကိုသာ အရှင်မှတ်ရမည်။ ငါ့ကျေးဇူးကြက်သရေတော်ကို နွမ်းနယ်အောင် မကြံနှင့်။ တိုင်းရေးပြည်ရေး သာယာငြိမ်ဝပ်မည့်အကြောင်းကိုသာ အားထုတ်ရမည်။ ငါ့ကိုလည်း ချစ်ကြောံရိုသေစေ။ ခန့်ထားတော်မူသည့် တိုင်းခရိုင်အတွင်းတွင် သာသနာတော်ရေး တိုင်းရေးပြည်ရေး မသင့်စေချင်။ မြို့နေပြည်သားတို့ကို ချဲ့ထွင်မွှေနှောံလျှပ်ပေါံ၍ အိမ်ယာခြံစ ဘောံယူတိက်ခိုးသူ၊ စေတီပုထိုးကျောင်းကန်ရေတွင်းရေကန်တို့ကို ဖျက်ဆီးသူတို့နှင့် အကျိုးစီးပွါးတော်ကို ရှုတ်ချပြောဆိုသူတို့ကို တွေ့မြင်ပေါ်ရှိလျှင် ရှေးမင်းတို့စီရင်ထုံးကို နောင်မဝံ့အောင် စီရင်။ သူပုံသူကန်တို့နှင့် ထွေးရောရှက်တင်၍ မသွားသင့်မရောက်သင့်သောအရာများကို နေ့ညဉ့်ရောက်ပေါက်သော လူသွမ်းလူဆိုးတို့ကို စစ်ကြောပြီးလျှင် ရွှေဘဝါးတော်အောက် ပို့ဆက်လာစေ။ မည်သသူတို့အမှု မည်သသူတို့စကားရှိ၍ ပြုရသည်သော်လည်း နှုတ်ထွက်ရှိစေမည်။ မည်သသူတို့က မှာထားစေပါ၍ တိုင်းခရိုင်နိုင်ငံနေတို့ကို မြှောံလွှားတိုင်ပင်ရသည်။ အသာအယာပြောဆိုရသည့်အရာ စီစီကြပ်ကြပ် စစ်ချက်ထွက်မှ စကားအရအမိနှင့် ကေတုမတီမြို့သို့ ပို့အပ်လှာစေရမည်။ စီရင်နက်တွင် မွှေနှောံချဲ့ထွင်သူတို့ မပေါ်မထွက်ရအောင် ကျေးဇူးသစ္စာတော်ကို ထောံ၍ ငါ့အကျိုးတော်ကိုသာ ဆောင်ရမည်။ ကြီးသည်အမှုကို ငယ်အောင်၊ ငယ်သည့်အမှုကို ပြောံအောင် စီရင်။ မြို့နေပြည်သား တိုင်းခရိုင်ပျော်ပိုက်နေထိုင်သူတို့ကို လယ်ယာကိုင်းကျွန်းလူသူတို့ကို အနိုင်အပိုင် နှိပ်စက်ဖျက်ဆီးသောအရာတို့ကို ရှောင်ကြဉ်၍ ဆယ်ပါးသောတရားနှင့်ညီသော သင်္ဂဟတရားဖြင့် သိမ်းပိုက်အုပ်ချုပ်ရမည်။ ကျေးဆိုးကျွန်ဆိုးတို့ကို လက်မခံနှင့်။ ငါ့သားတော်မြေးတော်နှင့် ချစ်ကြည်လေးမြတ်ရမည်။ ဆွေတော်မျိုးတော်တို့ ညီညွတ်သင့်တင့်မှ တောကြောင့် ကျားလုံ၊ ကျားကြောင့် တောလုံ ကြူရုံ၏သို့ဖြစ်မည်။ သို့အကြောင်းအရာများကို ထောံ၍ ငါပြုစုတော်မူသည့်အတိုင်း တည်အောင် မှတ်ရမည်။ တနှစ်လျှင် ဝါဝင်ဝါကျွတ် ကံတော့ပူဇော်တော် ဆက်ရောက်စေ။ ငါ ခန့်ထားသနားတော်မူသည့်အတိုင်း ကေတုမတီဟူသော တိုင်းကြီးပြည်ကြီးကို တရားနှင့်အညီ တောင်တည့်ဖြောင့်မတ်စွာ စစ်ကြောစီရင်၍ စားမြို့ရွာကို ဖြစ်ပွါးစည်ပင်ငြိမ်ဝပ်အောင် ပြုစု။ အသည်အလာတို့ကို မစသိမ်းပိုက်၍ ကြပ်ကြပ်တည်းတည်း စီရင်။

သက္ကရာဇ် ၁၀၁၉ ခု၊ တန်ခူးလဆန်း ၁၁ ရက်၊ ၄-ဟူးနေ့၊ ညီတော် မင်းရဲကျော်ထင်ကို တောင်ငူမြို့ကို ပိုင်စားသနားတော်မူ၍ ထားအပ်၍ ကေတုမတီမြို့မှာ စီရင်ရသည် အမိန့်တော်။ အတွင်းတော်က နာခံပြော့ကြီးမှူးထုတ်၍ လွှတ်တွင်ပြန်သည့် အမိန့်တော်။