တပို့တွဲလဘွဲ့ လေးချိုး
Jump to navigation
Jump to search
ပေါက်လဲရယ်တဲ့ ပွင့်စီစီ
ဝတ်ပန်းသူရာရေကြောင့်
ဆက်ရက်တွေ သံစုံကျူးတယ်
မြူးသည့်ရာသီ။
ငွေသော်တာ ကြယ်မာဃငယ်နှင့်
ထွန်းလျှံပ ပြည့်ကာညီ
ပြာရီလဲ့ မြူခိုး။
ယာဂုပွဲကိုတဲ့
လှူမြဲအလွန်ရွှင်လို့
ခုနှစ်စင် တာရာလျှမ်းသည်နှင့်
ဆူးပန်းတွေ ဝေဝေပွင့်ကြတယ်
ထူးတင့်မညှိုး။
![]() |
This work was published before January 1, 1927, and is in the public domain worldwide because the author died at least 100 years ago. |