ငစဉ့်ကူးမင်း ရွှေနားတော်သွင်း

From Wikisource
Jump to navigation Jump to search
ငစဉ့်ကူးမင်းနားတော်သွင်း ခေါ် ပလိပ်စားဧချင်း
by ပုခန်းကြီးသား ပလိပ်စား မင်းရဲရာဇာဘွဲ့ခံ ငဖျော်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

  1. မင်္ဂလာချက်ဘွေ လေးရောင်ထွေကို ရစ်ခွေလက်ယာ တုံ့ကာမြောက်တောင် တထောင်နိမ့်မြင့် ဆဲ့နှစ်ဆင့်ဝယ် အသင့်စည်စီ စက်ဝန်းချီလျက် တလီနှစ်ခန်း သုံးမည်ကျွန်းကို ပယ်ထွန်းမိုက်မှောင် ခြည်တထောင်ဖြင့် ပြောင်ပြောင်လင်းထိန် စက်ရဝိန်သို့ မြတ်ဣန္ဒနီ ရောင်ညီလျှံဝါ ထွန်းလင်းဖြာသည် တောင်ညာမြငူ ကျွန်းဇမ္ဗူထက် ပစ္စူမိုးဖြန့် တန်ခိုးကွန့်သည် ဆဒ္ဒန့်သခင် မှန်နန်းရှင်ဟု သောင်းခွင်နှံ့မွှေ ညာကြေလွှံပတ် ကျွန်းလုံးနတ်၏ သည်းပွတ်တော်ကြီး ပွင့်နီးရင့်ငုံ လုံးစုံမချို့ ဘုန်းရောင်ပြို့သည် တို့ကျေးဇူးရှင် … မြန်းမည်သူကို ထုံးယူမှတ်စေ ကျမ်းဂန်ဘွေ၍ ရွှေနားတော်ကြူး ပျံ့ပျူးချိုသာ လျှောက်ဝံ့ပါသည် မင်္ဂလာတည့်မနှေး ပြီးလွယ်ရေး ။
  2. ရှစ်သောင်းနှစ်ထောင် နှစ်ပြန်ဆောင်သား ကျောက်တောင်လည်စက် တိုက်အနက်ဝယ် ခွန်ထွက်သိမ်းကျုံး ထွဋ်မင်းဆုံးနှင့် ပတ်ကုံးဝိသယာ အာဏာဇာတိ ခေတ်အချိတွင် မရှိနှိုင်းအင် မဂ်ညာဏ်ရှင်တို့ ထွန်းထင်တေဇာ ဖြစ်ပွင့်ခါဝယ် ရတနာခုနစ် နတ်ဖြစ်ရိပ်ငြိမ် စည်းစိမ်နေကြ ထွန်းလှာရသို့ တူလှမယွင်း တို့ထိပ်နင်းမူ လေးစင်းပင်လယ် နက်ကျယ်ဝန်းလည် ကျွန်းတည်တည်ကို လှည့်မည်စကြာ မှန်လှစွာ၍ ဤစာရန်ကင်း နားတော်သွင်းလျှင် နန်းခင်းရည်ရော် ဘုန်းကြောင့်ပေါ်ရှင့် ရှိန်စော်ကြက်သရေ တက်နေနှုန်းစံ … ငါးဆူပွင့်ရာ မည်သာဘဒ္ဒ သမိုက်ကြရှင့် မဆွထိုခါ မိုဃ်းရပ်ချာမှ ဗြဟ္မာသက်ကျွန်း ကိုယ်ထင်ထွန်းက ရေဝန်းပေါ်တက် ချိုမြတ်ရသာ စားငှါချင်စိတ် ရောင်ဘိတ်မကွန့် လူပေါင်းလန့်သော် မှောင်ဟန့်လှစ်တွန်း နေဝန်းထွက်ပေါ် လော်ကဓါတ်လုံး ပေါင်းရုံးတူပင် နှံ့မျှမြင်၍ ပျံ့ရွှင်မြေဆီ စိတ်ညီယူစား ကျင့်ဖေါက်ပြားက ကွယ်ပြားမြေလွှာ ထိုနောက်လာသည် ပတာတည့်နွှယ်မွှေး ဆန်သလေး ။
  3. မြတ်လေးငုံဟန် သလေးဆန်ကို ဘန်ဘန်ယူစား ကျင့်ဖေါက်ပြားက ယောက်ျားမိန်းမ ဖြစ်ကြရမ္မက် နွှဲရှက်အိမ်ယာ အစာသိုမှီး မသီးဆန်လုံး ခွံဖုံးရောက်နေ ယူလေရာမဲ့ ကုန်လတ်ခဲ့က တွက်ဘွဲ့ဝေဘန် ပေးတုံပြန်လည်း မမှန်ခိုးစား မုသားကွယ်ဖြုတ် ရိုက်ပုတ်ထောင်းထု ဖြစ်လှာမှုကြောင့် တစုစည်းရုံး နှလုံးမဖြူ ကပ်ဦးသူတို့ စိတ်တူဝမ်းမျှ ကြံကုန်ကြ၏ ကာလခုလျှင် လူသွမ်းဖျင်စွ တို့တွင်စိုးရ မင်းရှိမှဟု တေဇတက်တုန်း အာဏာဘုန်းဖြင့် မှုန်းသော်မတံ့ ကြားတိုင်းရွံ့သား ပျိုဘွံ့သက်ရွယ် နေနတ်နွှယ်ကို ဆယ်ဘို့တဘို့ နှစ်လို့သာကြည် ပေးဆက်မည်ဟု မြောက်ရည်ဘိသိက် အောင်နိမိတ်ဖြင့် ကျော်ထိတ်သပြေ မင်းမူစေ၍ ညွန့်ဝေနာမံ သုံးမည်ခံသည် နက်စံညီလှ သမတဟု ပဋ္ဌမမင်းထီး တည်ထောင်ပြီးသော် နွှယ်သီးမပြား မြေးသားမြစ်ညွန့် ပွါးပြန့်ပြည့်လှိုင် ခရိုင်မြို့ပေါင်း ခြောက်သောင်းသုံးထောင် တုတ်ခွန်ဆောင်သည် ထိုနောင်တည့်ရှည်ဝေး ရမ္မက်မြှေး ။
  4. မြှေးတုံရမ္မက် ဆယ်နှစ်သက်၌ မိုက်မျက်တဏှာ သုံးဖြာဒုစရိုက် ကြိုက်လတ်သော့လျောက် ကပ်လျှပ်ရောက်က ရွာမြောက်လေးထွေ အာဝဋ်ရေဖြင့် ကုန်စေမျောလွှင့် စည်သင့်ကြိုင်စွာ ပန်းနံ့သာတည့် ရတနာမိုဃ်း သွန်းကာဖြိုးသော် တောတိုးတောင်ခြေ ရှောင်လွှဲနေသည် မြတ်ဆွေနွှယ်ဟောင်း ကျန်လူပေါင်းတို့ ပုန်းအောင်းရာမှ ထွက်ထည့်ကြ၍ သီလမြဲလျက် သင်ချေသက်တိုင် ပွားတက်စည်ဘိ မင်းမရှိတည့် ထိုပြီးမယုတ် အာယုဆုတ်တွင် သမုတ်နေကြ သုံးမည်ရသား ဒုတိယမင်းဆုံး ဇမ္ဗူလုံးကို သိမ်းကျုံးကာသာ ဆက်နွှယ်ဖြာမှ ဆုတ်ကာပွါးမြောက် ထွန်းတောက်သုံးကြိမ် ရန်လုံးနှိမ်၍ မတိမ်မမြုပ် ဆက်ကာအုပ်ပြီး ပတ်ချုပ်တိုင်းကား ထိုနှစ်ပါးတွင် ရှေ့လားနှင်နှင် ပွါးစည်ပင်ရှင့် နောက်လျှင်မပျက် လူတို့သက်မူ ယုတ်တက်တုံ့ပြန် လေးတန်ငါးမည် ခြောက်တည်မင်းထူး စိုးကွပ်မှူးလျက် ရှေးဦးကဲ့သို့ တိုင်းမြို့ထီးဆောင်း ပွါးပြန်ရှောင်းသည် ရှစ်သောင်းတည့်ထောင်လေး ဆက်ရှည်ဝေး ။
  5. ခြောက်ဆူမင်းမြတ် လွန်ပြီးလတ်သော် နေနတ်နွှယ်စစ် ထွန်းခုနစ်မှ မြတ်ရှစ်ဇနိန် အသမ္ဘိန်တွင် များဟိန္ဒဂု ငြိမ်းရာစုသည် ကကုသန္တ သုံးလုဘလျှင် စိမ်းမြလဲ့ညို ကုက္ကိုပင်ရိပ် ပလ္လင်ထိပ်ထက် မာရ်နှိပ်ဆုံးရပ် ရွှေပြည်ခပ်ရှင့် ရှက်စပ်ထိုက နဝမ၌ သမတဘုန်းကြွယ် မပြတ်နွှယ်ရှင့် ခြောက်သွယ်ရောင်စုံ ဂေါဏာဂုံဟု သုံးဘုံသူပန်း ရေသဘန်းဝယ် လေးခန်းသစ္စာ သိပြီးခါသော် ရှည်ကြာထိုနောက် ပွင့်ချိန်ရောက်က ဆယ်မြောက်မင်းကျော် ဖြစ်ထွန်းပေါ်၍ မျိုးတော်မပြား ဆက်ကာပွါးလျက် သုံးပါးအခေါင် မြပညောင်တွင် မာရ်အောင်ဇိန ကဿပမှ နှစ်လများပုံ ဆုတ်တုံတက်လျှော စည်သဘောဖြင့် မုနောခံယူ ဗုဒ္ဓင်္ကူလျှင် ရှေးတူနန်းရိုး တဘန်စိုးက တန်ခိုးမချို့ သူမြတ်တို့နှင့် နှစ်လို့တိုင်ပင် နှိုင်းဆင်ခြင်၍ စီရင်ဘွယ်မှု တခုမကြွင်း ပြီးစေလျှင်းမှ မင်းတို့ကျင့်ရာ မြတ်ဆယ်ဖြာက ပြည်ရွာစည်ပင် ခုနစ်အင်နှင့် လေးသင်္ဂဟ မယွင်းရသည် ရှည်လှတည့်နောင်ရေး ထောက်မြင်တွေး ။
  6. မြော်တွေးနောက်နောင် တည်ရစ်အောင်ဟု ထောင်ခဲ့နန်းရိုး ရှင်ချစ်ဘိုး၏ မြတ်မျိုးနွှယ်ပေါင်း ဆက်စံကြောင်းကို နန်းလောင်းရည်ခန့် ရွှေနားကွန့်လော့ ဆယ်တန့်လွန်ကျူး ဘေးတော်ဦးမှ ရင့်ကြူးသံသာ စဉ်သင့်လာသည် မဟာသမတ သားရောဇတည့် ဝရရောဇ ကလျာဏမှ ဝရကလျာ ဆက်ကာသားတော် ဥပေါ်သထ ဒီပလွှံပတ် သားမန္ဓာတ်နှင့် သားမြတ်ဝရ သားလှဆက်မှု ဥပဝရ စေတီယက မုဉ္ဇသည်းချာ မဟာမုဉ္ဇ မမျှဘုန်းဂုဏ် မုဉ္ဇလိန္ဒ သာဂရတည့် နှုန်းကြဘက်ကွာ သာဂရဒေဝ ဘရတနှင့် နွှယ်စဆက်မှီ အင်္ဂိရသ ထွန်းပလျှံညိ သားရုစိက နှံ့သိထင်ရှား သားသုရုစိ ဆက်ဘိဆင့်ပွါး သားပတာပ နှံ့မျှအာဏာ မဟာပတာပ ပနာဒတည့် ထိုကဆက်လှာ မဟာပနာဒ စံပဘက်လွတ် သုဒဿန ဒီပလှည့်ကာ မဟာသုဒသ် မပြတ်ခွန်စု နေရုမည်သာ မဟာနေရု ဇမ္ဗုခွန်သ အစ္ဆိန္နဟု မြတ်လှမင်းစစ် နှစ်ကျိပ်ရှစ်တို့ ခုနစ်စုံရာ ကုသာဝတီ ကျော်ညီအံ့ဆို ရာဇဂြိုဟ်နှင့် နဂိုရ်အောင်ချာ မိထိလာဝယ် မြင့်ကြာနှစ်လ စံပျော်ကြသည် မမျှတည့်ပြိုင်ဝေး ဘုန်းရောင်ပြေး ။
  7. နှစ်ကျိပ်ရှစ်ယောက် နှောင်းဆုံးပေါက်သည် မဘောက်ဝံသ အစ္ဆိန္န၏ သားလှမြေးမြစ် ဆက်လစ်တရာ ရိပ်ဖြူကာလျက် ကုသာဝတီ ခွန်ဆီဆက်ချိန် အရိန္ဒမ မင်းဆုံးကျရှင့် ထိုကပြန်မြောက် ငါးကျိပ်ခြောက်တို့ ရန်ထောက်မထ အယုဇ္ဇပြည် ထောင်တည်စိုးချုပ် ဆုံးစွန်အုပ်သည် ဒုပ္ပသဟ ယင်းကဆက်သွယ် ခြောက်ဆယ်ရာဇာ ပြည်ဗာရာဝယ် အချာသိမ်းကျုံး မင်းဆုံးမှန်လှ အဇိတတည့် ထိုကဆက်ရှောင်း ရှစ်သောင်းလေးထောင် ရန်အောင်ဌာန ကမ္ပလ၌ ဗြဟ္မဒတ္ထ ယင်းကနွှယ်ရိပ် သုံးကျိပ်ခြောက်ပါး တိုင်းကားစည်ဘိ ဟတ္ထိပူရ ပြည်ချက်မ၌ ကမ္ပလဝင် မင်းလျှင်နှောင်းကျန် ဆက်ပြန်တုံလစ် သုံးကျိပ်နှစ်တို့ ပြည်သစ်ထောင်ကြ ဧကစက္ခု နှောင်းပြုဘုန်းရှိန် သူရိန်ဒေဝ ထိုကဆက်ညီ မင်းဌာဝီတို့ ဝဇီရပြည် ဆက်ရှည်ဆုံးထ သာဓိနမှ စင်လှမျိုးနွှယ် နှစ်ဆယ်နှင့်နှစ် တည်လစ်မြို့ပြ မဓူရဝယ် ဓမ္မဂုတ်လျှင် အဆုံးရွှင်၏ နွှယ်စင်မပြား ဆဲ့ရှစ်ပါးမူ စံထားပူရ အဒိဋ္ဌ၌ ဆက်သခွန်သွင်း သိပ္ပိမင်းသည် နှောင်းကြွင်းတည့်အထွေး နွှယ်ဆက်သွေး ။
  8. ဆဲ့ရှစ်နှောင်းကြွင်း သိပ္ပိမင်း၏ နွှယ်ရင်းမျိုးစစ် ဆဲ့ခုနစ်တို့ ရန်မြစ်လှည်းဖြတ် ဣန္ဒပတ်ဝယ် ကျင့်ဝတ်မခွ ဆုံးစွန်ကျသည် ဗြဟ္မဒေဝ ယင်းကဆင့်ပွါး တကျိပ်ငါးလျှင် ထောင်ထားပြောင်းနေ ရန်နှိမ်မြေမူ ဧကစက္ခု စံမှုဆုံးမှတ် ဗလဒတ်မှ နွှယ်မြတ်မဝေး ဆဲ့လေးမှန်မော ထွဋ်မင်းစောတို့ ပြည်ကောသမ္ဘီ စံညီဆုံးဘိ ဟတ္ထိဒေဝ ထိုကကိုးဆူ ဖြန့်ရိပ်ဖြူနှင့် ပြည်မူသာလှ ကဏ္ဏဂေါစ္ဆိ မည်ရှိနောက်မိုး နရစိုးမှ ဝှန့်ဖြိုးဘုန်းမြူး ခုနစ်ဦးတုံ မည်ထူးပူရ ပြည်ရောဇ၌ မဟိန္ဒမင်းဖြစ် ဆုံးပြန်လစ်သော် ဆဲ့နှစ်ရာဇာ ပြည်စမ္ပာဝယ် နာဂဒေဝ ထိုကဖြန့်ခဲ့ နှစ်ဆဲ့ငါးပြာ မိထိလာ၌ သိမ်းကာခွန်တုတ် နှောင်းစံထုတ်မူ သမုဒ္ဓဒတ် ဆက်လက်မြေးသား ငါးနှင့်နှစ်ကျိပ် ရန်ညွန့်နှိပ်တို့ ဂိရိဗ္ဗဇ နဂရဝယ် စိုးကြနောင်လာ ဒိဝါကရ ထိုမင်းကလျှင် နွှယ်စဆဲ့နှစ် ဘွင့်လှစ်သိင်္ဂီ တက္ကသီ၌ ကျင့်ညီမဘိတ် ကာလိဿရ ယင်းကမြေးမြစ် ဆဲ့နှစ်ဘူမိန် နောက်သူရိန်တို့ ကုသိန္နာရုံ ရွှေဘုံသာဝှမ်း စံငြိမ်းချမ်းသည် ထုံးတမ်းတည့်ဆွေးနွှေး ကျင့်ညီရေး ။
  9. ကျင့်ညီဆက်ခံ နှောင်းဆုံးစံသည် ဘုန်းလျှံထွန်းပ သူရိန္ဒမှ ပွါးထညွန့်သန် မင်းကိုးတန်တို့ ပြည်မွန်သီရိ မလိတ္ထိ၌ မရှိနှုန်းရာ နှောင်းစံမှာမူ သာဂရစိုး နေနတ်မျိုးတည့် မြတ်နိုးချစ်သက် သားဘုန်းတက်ကား မဂ္ဃဒေဝ လောင်းမြတ်လှက စ၍ရှက်ထွေး သားမြေးမြစ်ဖြာ ဆက်ကာကာလျှင် တရာနှင့်ငါး ရှစ်ရာပွါးတို့ ရပ်ခြားပြည်သာ မိထိလာဝယ် စံကာမပြောင်း နွှယ်တော်ပေါင်းတွင် နှောင်းနေမိထွဋ် ဗောဓိသတ်တည့် သက်မှတ်တမျှ ကာလာရနှင့် သားလှရွှေစင် သမင်္ဂိရ သားရောဇက ဝံသခက်ရုံ ဆက်တုံရှစ်သောင်း လေးထောင်နှောင်းမူ မြေစောင်းလုမျှ အာဏာရှသည် သီဟပတိ ဆက်ဘိထိုက ဝိဇိတနှင့် ဓမ္မနာဂ သေနသုံးပါး သားသမိဒ္ဓ သားလှဆက်ခံ ဒိသမ္ပတိ ဘုန်းရှိဆက်ပြု သားရေဏုက ကုသမည်သာ မဟာကုသ ဝသထနှင့် ဒသရဋ္ဌ ရာမမင်းဖျား သည်းကြားမှန်လှ ဝိသာလက စိတ္တရံသီ တွင်ညီမည်ရ အမ္ဘရံသီ ဂုဏ်ဆီပြည့်ဝ သုဇာတက သားလှရင်းချာ ဥက္ကာကရာဇ် မင်းဆုံးဖြစ်ရှင့် တွက်စစ်မချို့ ထိုမင်းတို့ကား ညွတ်ကြို့ကြေညာ ဗာရာဏသီ ပြည်ပူရီဝယ် လောကီစည်းစိမ် စံရိပ်ငြိမ်သည် ပျောက်တိမ်တည့်ရန်ဘေး ကင်းညစ်ကြေး ။
  10. ယင်းသို့မှတ်ထိန်း ဂဏန်းကိန်းဖြင့် နှစ်သိန်းငါးသောင်း နှစ်ထောင့်ငါးရာ ငါးဆယ်သာမှ စွန်းပါခြောက်ပါး နွှယ်တော်များကို ခြားနားသီးသီး လျှောက်ခဲ့ပြီး၍ လျှံညီးနေလ နေ့ညဉ့်ပသို့ သကျမျိုးဘော် ရှစ်သောင်းကျော်တို့ ရွှင်ပျော်နန်းထက် စံသည့်ချက်ကို နန်းဆက်ပွင့်လျာ ရွှေနားသာလော့ ဥက္ကာကရာဇ် ထွဋ်သင်းကျစ်၏ လွန်ချစ်တောင်ညာ မင်းဟတ္ထာဝယ် ဥက္ကာမုက္ခ စသည်ထင်ရှား လေးယောက်သားနှင့် ငါးပါးသမီး ဘွားလေပြီး၍ စံပြီးလှဲဘောက် နတ်ရွာရောက်သော် ထိုနောက်ညာတင် တောင်နန်းရှင်တွင် မြင်တုံပျိုနု သားဇန္တုကြောင့် မျက်ရှုတသီး သားကြီးတို့ဝယ် စွန်းငြိဘွယ်ဟု တွယ်တာမရှိ သွားစေဘိက တမိဝမ်းပေါက် ထိုကိုးယောက်လည်း နောက်ပါကျွန်းသင်း များလုံးရင်းနှင့် ဖြည့်တင်းစံပ ထွက်ခဲ့ကြွသော် ဘုရားမျိုးစေ့ ကျင့်သိမ်မွေ့သား ရသေ့သင်္ခမ်း ရဂုံဝှမ်းသို့ တောလမ်းခရီး ရောက်ခါနီး၌ ကြိုဆီးရှင်မွန် ပြသညွန်သည် နောင်ဘန်တည့်ရှည်ဝေး တည်ကြောင်းပေး ။
  11. ကပ္ပီလဟု မည်ရဘုန်းဟေ့ ရှင်ရသေ့လျှင် ပြ၍တည်ညီ ပြည်ဌာနီကို ကပ္ပီလဝတ် မော်ကွန်းမှတ်၍ သက်ပြတ်လုမျှ မောင်နှမတို့ တူကွစုံပေါင်း စံကြကြောင်းကို ဆင့်လောင်းဘခင် ကြားလေချင်သော် ကျွမ်းကြင်လေဖြစ် ငါ့သားချစ်တို့ မင်းစစ်ပီလှ စွမ်းနိုင်စွဟု မြွက်ဟသွန်းသွန်း မိန့်ရွှေခွန်းကြောင့် ပျံ့မွှန်းသောင်းခွင် သာကီဝင်ဟု လွှံ့ထင်ကျော်ဟိုး မြတ်နွှယ်မျိုးတွင် နန်းရိုးမှန်စွာ အစဖြာသည် ကက္ကာမုက္ခ နိပူရတည့် မမျှဘုန်းဝှန် သားစန္ဒိမ နေလနှုန်းရန် စန္ဒမုက္ခ နှံ့မျှထင်ရှား သားသီဝရာဇ် ရန်မြစ်ဖြတ်လှည်း သားသိဉ္စည်းက ကျော်သည်းတံခွန် သားဝေဿန်နှင့် သားမွန်ဇာလီ နှိုင်းပြီဘက်ကွာ သီဟဝါက သည်းချာတမွတ် သီဟဿရ ထိုကဆက်မှန် သောင်းရှစ်ပြန်တွင် ကဲလွန်နှစ်ထောင် နှောင်းဆုံးဆောင်သား မင်းခေါင်နရိန် ဇေယျသိန်သည် ဘုန်းရှိန်တည့်ပျံ့မွှေး စံငြိမ့်လေး ။
  12. ဇေယျသေန သားလှသက်စု သီဟနုလျှင် ပြိုင်တုလွတ်ကျွန်း တရာမြန်းသော် ဘုန်းတန်းတေဇာ ပြင်းအာဏာဖြင့် ရင်းချာယောက်ဘ အဉ္ဇနလျှင် ဒေဝဒဟ ပြည်မသာစံ ဘိသိက်ခံ၏ တရံရောခါ နှစ်ဂေါဇာမူ ပါဏာသိန္ဓု ဆဗသျုသို့ မှန်မှုမချွတ် ရောက်တုံလတ်က မင်းမြတ်နှစ်ဘော် ရှင်ကျော်ဒေဝီ တပသီတို့ ညှိညီနှိုင်းဆ တိုင်ပင်ကြ၏ မာဃစန္ဒေ ဖျက်ချေဖြိုပြီး ရှေးပုံမှီးလျက် တသီးနာဂါတ် သုဇရတ်၌ သိမှတ်တွက်ရန် အဝမာန်တွင် နုတ်ရန်ရူပ မုနိဆနှင့် ဆိဒြဧကာ ဤမျှသာတည့် ဘောမာရသ ဆသုညနှင့် ရူပမယုတ် ကျမာသ်နုတ်လော့ ဥစ္စဖိုလ်မှ အဌ်ဒွေးဆနှင့် ဧကနုတ်ဘိ ဤမျှရှိ၏ တတိယရက်စမ်း လက်မြှောက်ပြွမ်းပြီး ခွဲခြမ်းသုံးထွေ နုတ်၍ခြေက တာရက်ရဟု သီလမြဲမြံ မြတ်ရှင်ပျံလျှင် စီမံထူးဆန်း ကိန်းခန်းဥပဒေ ထားခဲ့ပေသည် စေ့ရေတည့်တွက်ရေး မရှုပ်ထွေး ။
  13. ရှုပ်ထွေးမဲ့အောင် ဘန်ဆောင်ခဲ့သ မြော်မြင်လှသား သီဟဟနု နတ်ဘုံလုသော် မျက်ရှုသားတော် မင်းသုဒ္ဓေါ်လျှင် မပေါ်မုဒိမ်း ရန်မျိုးငြိမ်းလျက် ခွန်သိမ်းယူကာ ဘုရားလျာကို မဟာသက္ကရာဇ် ခြောက်ဆဲ့ရှစ်တွင် ခေတ်ဇာတိရပ် ကြွင်းမလပ်အောင် ထပ်ထပ်သံတည်း တုန်လှုပ်ကြည်းမျှ ကျော်သည်းထိန့်ဆူ ဘွားတော်မူ၏ မတူနှုန်းဆွယ် သုံးဆောင်လယ်၌ နှစ်ဆယ်နှင့်ကိုး စံပယ်စိုးက တံပိုးလှိုင်းတွန်း စုန်ဆန်မွန်းလျက် ပင်ပန်းကုန်လေ များဗိုလ်ခြေကို ယဉ်တွေသမုဒ် ဝဲကထုတ်၍ ဝိသုဒ္ဓိပြည် အောင်ရပ်စည်သို့ ပို့မည်စိတ်ကွန့် ပြည်ကိုစွန့်မှ မတွန့်ကျင့်မှန် ခြောက်နှစ်လွန်သော် ဘာဝန္တဂု သဗ္ဗညုဟု ဇမ္ဗုဦးစွန်း ရွှေညောင်နန်းထက် သောင်းခန်းဘက်မဲ့ ပွင့်တုံခဲ့မှ လေးဆယ့်ငါးဝါ ဝေဏေယျာအား မြိန်စွာချိုလေး မြိုက်ရည်ကျွေးပြီး ညစ်ကြေးမဲ့ဘုံ ပျော်ငြိမ်းတုံရှင့် လုံးစုံမှတ်ထိန်း ဂဏန်းကိန်းဖြင့် သုံးသိန်းသုံးသောင်း လေးထောင်ငါးရာ စွန်းပါခြောက်ဆယ် မင်းကိုးသွယ်သည် မြတ်နွှယ်တည့်ဆက်ဝေး လွန်လေရှေး ။
  14. လေးကျွန်းလုံးတောင် ဝန်းမြောင်လက်ယာ စကြာတောင်ဆိုက် သိမ်းပိုက်စိုးမှူး သားတော်ဦးသို့ ဂုဏ်ထူးသမ္ဘာ စုံရင့်မာသည် နန်းလျာတို့ထိပ် ရွှေနားစိပ်လော့ တကျိပ်မက မင်းဆုံးမှမူ စ၍သန့်စင် ရာဇဝင်ဖြင့် ထောင်ကျင်သီးသီး တိုင်းပြည်ကြီးတွင် စည်ပြီးနုပျို ရာဇဂြိုဟ်ဝယ် အဟိုများဝှန့် ဆက်ရှည်ကွန့်သား ဘုန်းညွန့်ထက်ဖြာ ပိမ္ပသာ၏ ရင်းချာဩရသ် ဇာတသတ်လျှင် ရှင်ကဿပ ထေရိန္ဒအား ပဌမသိင်္ဂီ တင်ညီပြီးနောင် နှစ်ငါးထောင်တည့် ဘုန်းခေါင်မုနိန် မိန့်ခဲ့ချိန်နှင့် ကောဝိန်ရှက်စပ် မရှိအပ်ဟု ပျပ်ဝပ်ရိုညွတ် ပန်လျှောက်လတ်က အဌ်ဇရအစ် သက္ကရာဇ်ကို ထားလစ်ပြီးခါ သာသနာစု လပုံပြု၍ မြှောက်မှုခုနစ် ခဒွေးအစ်လျှင် နှောကျင်ပြီးမှ အဋ္ဌုဒွေးဒွေး စာရေးမပျက် ဓိမာသ်ထွက်၏ တချက်အဝမာန် နုတ်ရန်ကိန်းရှိ မုနိဆဆ ကျမတ္တ၌ ဆိဒြအင်္ဂါ အဋ္ဌာဗသျှော မှန်မောနုတ်လေ နှစ်ထွေမှန်ပင် ရက်စမ်းတွင်မူ အစ်လျှင်ရောစုတ် သတ်နှင့်ကုတ်လော့ ဖိုလ်အုတ်နုတ်ရာ ကိန်းတွက်လာမူ ဗေဒါသုည ဗျည်းစမ္မတည့် ဆုံးမှတသွယ် ရက်စမ်းဝယ်လည်း နုတ်ပယ်နှစ်ပါး သတ်နှင့်စားဟု ခြားနားတဘန် ထားခဲ့ပြန်သည် ရှေးလွန်တည့်ချင့်တွေး ကိန်းနှင့်ဆေး ။
  15. ရှေးလွန်ကိန်းနှင့် စီရင်ချင့်၍ ဝေးမြင့်ရှိလေ ဓာတ်မွေယူဆောင် နက်ချောင်ဆန်းပြား သိုထားပြီးလစ် ထိုမင်းစစ်တုံ ရှစ်နှစ်သုံးပြန် စံခဲ့လွန်က ဘဟန်နည်းတု ရိုက်ရာလုသည် ဥဒယဘဒ် စိုးမှတ်ဆဲ့ခြောက် ထိုနောက်မုဏ္ဍ ဆက်ကြစဉ်လာ နုရုဒ္ဓါတို့ မကြာရှစ်နှစ် ရှေးနှယ်ဖြစ်လျက် သားချစ်ပျိုထွတ် နာဂဒါတ်လျှင် စံလတ်တွက်ဘွဲ့ နှစ်ဆဲ့လေးစင် ရောက်တုံကျင်က လူတွင်ကျင့်ခက် မင်းငါးဆက်တို့ ယွင်းပျက်အမူ ပြုသည်ဟူ၍ ပြည်သူတစု နှလုံးခုလျက် သုသုနာဂ မည်ရကျင့်ညီ လိစ္ဆဝီမင်းရိုး မြတ်နွှယ်မျိုးကို မြတ်နိုးရွှင်လန်း ဘိသိက်သွန်းက ဘုံနန်းရပ်ဟောင်း ပြောင်း၍ဆဲ့ရှစ် စိုးပြီးလစ်သော် ရင်နှစ်မှန်စွာ ကာလာသောက နန်းမရိပ်မြိုင် ဆယ်နှစ်တိုင်၌ သုံးဆိုင်လုံးနတ် မုက္ခပဌ်ကို ရှင်မြတ်ခုနစ်ရာ ရွေးချယ်ကာလျှင် မဟာယသ ထေရ်မြတ်လှအား ဝါဒညီညှိ ကင်းစေဘိ၏ ထိုပြီးနောက်လည်း ကိုသိုလ်ဆည်း၍ မင်းစည်းစိမ်ခံ ဆဲ့ရှစ်စံမှ သက်နှံမပြတ် ဘုန်းရောင်လွှတ်သည် ဘဒ္ဒသေန စသည်ကုံအောင် ညီနောင်တကျိပ် ဖြူရိပ်လှစ်ထ ဒွါဝီသမှ လှည်းချရန်ငုတ် တွေ့တိုင်းနုတ်သည် ဥဂ္ဂသေန ထိုကစ၍ နဝရန်ဖျောက် မင်းကိုးယောက်သည် နှစ်ထောက်တည့်မဝေး လျှင်မနှေး ။
  16. နန္ဒမည်ရည် ဆုံးတွင်ချည်၍ ရွှေပြည်သီရိ ပါဋလိဝယ် တမိသားချင်း ကိုးယောက်မင်းတို့ စံခြင်းတွက်စစ် နှစ်ဆဲ့နှစ်တွင် မင်းဖြစ်နှောင်းစွန် ဓနနန်ကို စန္ဒဂုတ္တ မောရိယမှ သကျနွှယ်ရိုး ဘိုးတော်မျိုးလျှင် နွံချိုးသုတ်သင် ဘုန်းဖြင့်နှင်၍ ဥကင်ကွန့်မြောက် ရန်မျိုးပေါက်က စိုက်ဆောက်စံရေး နှစ်ဆဲ့လေးတွင် ရင်သွေးနတ်တု ဗိန္ဒုသာရ ဖြူလွစွင့်စွင့် ရှစ်စင်းဘွင့်လျက် ရှစ်နှင့်နှစ်ဆယ် နန်းလယ်ပျော်ညီး နတ်ဌာန်မှီးသော် ငါးသီးအတိတ် မယ်တော်ဟိတ်နှင့် တစိတ်မယွန်း ခါသင့်ပန်းသို့ လန်းလန်းပွင့်မူ ကျွန်းဇမ္ဗူထက် တယူဇနာ ကြေညာအောက်ထက် အာဏာစက်ဖြင့် ပျံတက်မြေလျှိုး ပိုင်သစိုးသည် နေမျိုးဓမ္မ အသောကလျှင် ဇိနစကြာ နှစ်ရာလွန်ရောက် သုံးဆဲ့ခြောက်တွင် မောဂ္ဂလိပုတ္တ တိဿအခေါင် မြတ်တထောင်အား နောက်နောင်မြင့်ရှည် တည်ကြောင်းရည်၍ သုံးမည်ပိဋကတ် ယူညီညွတ်လျက် တင်ရွတ်စေပြီး ထိုပွဲကြီးမှ စောထီးမုနိန့် မိန့်ခဲ့သော့တိုင်း ခြားပိုင်းသီဟိုဠ် ထိုထိုရပ်ဌာန် အပရန်နှင့် သုဝဏ္ဏဘုံ တိုင်းရိပ်မြုံသို့ ခြောက်စုံရှင်ပျံ အရဟံတို့ ဆိတ်ညံမဲ့အောင် ထွန်းကြဆောင်သည် ငါးထောင်တည့်တည်ရေး မြိုက်ရည်ကျွေး ။
  17. သုံးမည်လမ်းမှန် နှစ်သိန်းလွန်တွင် လျင်မြန်ကန့်လန့် တောင်ကွန့်မြောက်ချည်း လမ်းတမျည်းမူ နှေးဖြည်းစက်ရွေ့ တက်တွန်းလေ့သား ချမ်းမြေ့ရောင်ဖြူ သီတဂူသို့ ထိုတူဆင့်တိုး ဘုန်းလျှံဖြိုးသည် နန်းရိုးပွင့်ခိုင် ရွှေနားကြိုင်လော့ ရောက်တိုင်တည်ရေး ငါးထောင်သွေးလျက် တိုက်ကျွေးမြိုက်ရည် ထွန်းကြသည်တွင် ပြောစည်ရပ်သာ သုနာပရန် ရန်မာန်အောင်နှိပ် တမ္ပဒိပ်ဟု တံဆိပ်ခတ်ပိုင်း မြန်ခွင်တိုင်းထက် ပိုက်သိုင်းလယ်ချက် ကိုးရာနက်ဝယ် ရှေးဆက်ရှည်ကျူး ဘေးလောင်းဦးမှ စပ်ကူးရှက်ရော နွှယ်ဆက်နှောသား တကြောအောင်မြေ ပြည်သရေ၏ ထောင်နေစတည် ကြောင်းရင်းသည်မူ သုံးမည်လုံးရှင် မပွင့်ခင်တိ များဖြင်မြင့်ကြာ နှစ်သုံးရာထက် ငါးဖြာပတ်ဝိုက် မဇ္ဈေတိုက်မှ ထွက်စိုက်ရာဟောင်း လေးကြိမ်လောင်းသည် တကောင်းထောင်ထား နရဖျားက ဆက်ပွါးစီလျဉ် နန်းစဉ်စိုးနေ သတိုးရွှေဟု မြုတေထွန်းဝင်း ထိုသည်မင်းလျှင် ဆောက်နှင်းယောက်ဘ အိမ်ရှေ့ရအား ပြည်မရန်မီး တောဝက်ကြီးကို ဘမ်းဆီးတုံလှည့် သတ်လေထည့်သည် စုံပြည့်တည့်မနှေး လက်နက်လေး ။
  18. တကောင်းစိုးမည် နန်းပွင့်စည်လည်း စုံသည်လက်နက် ပြည်ကထွက်၍ ရန်ဘက်ကိုဘွေ လိုက်တုံလေသော် လုဆွေမြတ်စွာ သာသနာမူ ထိုခါညွန့်သွယ် နှစ်လေးဆယ်တွင် ရည်ရွယ်ချက်ကျ နတ်တို့ပြ၍ ခေတ္တသရေ ဖြစ်ထမြေဝယ် ခံနေဝက်ထီး သတ်ရပြီးသော် ခရီးမြေရှည် ကွာဝေးသည်နှင့် နန်းတည်စံခင်း နှမရင်းဝယ် ရလျှင်းကိုယ်ဝန် ယောက်ျားမှန်က ဘောက်ပြန်မငြိမ် နောင်ဖျင်းသိမ်အံ့ နှောင်အိမ်တူငြမ်း စည်းစိမ်သွမ်းတိ မြစ်ကမ်းသစ်ပင် ငါ့ကိုယ်လျှင်ဟု ဆင်ခြင်ထိတ်လှ သံဝေရ၍ ဌာနတကောင်း မပြန်ရှောင်းတည့် ရကြောင်းဘိညဉ် ထို၌ရှည်က ငါးစည်စုံညီ ပြူရွာမှီလျက် ဇော်ဂီဘုန်းဝေ စွန့်သည်ရေကို သောက်လေနေ့ည သမင်မလျှင် ဘွားကကောက်ယူ မွေးမြူကြီးမြောက် ရွယ်သင့်ရောက်၏ ချင့်ထောက်ခါရ တကောင်းကလည်း မင်းလှနှစ်ဘော် တဝမ်းပျော်ကို လူစော်နံကာ ဖြစ်တုံလှာဟု အောင်ချာပြည်ကြီး တည်ချိန်နီး၌ ထင်ရီးထင်ရောင် ဘောင်နှင့်ရေကြော စွန့်လိုက်မျှောက မြတ်ဇောကုသိုလ် မှီခိုဥပတံ ပုဗ္ဗကံကြောင့် မြစ်ယံစောင့်တတ် ယက္ခနတ်တို့ ဥပဒ်ကင်းစေ မစပေသည် အောင်မြေတည့်ထောင့်ကွေး ဆိုက်ကာမှေး ။
  19. ရှင်ပင့်သာသနာ ဆင့်ကာတက်တိုး ငါးဆဲ့ကိုးတွင် ရေရိုးတလျှောက် စုန်ခဲ့ရောက်၍ တူပေါက်နောင်ညီ ဘေဒါရီနှင့် နဒီမြစ်ကွေ့ ဆိုက်ကာတွေ့က စုံစေ့ပြန်ကြား မျိုးမခြားဟု မြတ်ဖျားရှင်ဖြူ ဆိုတော်မူလျက် တူနှင့်သမီး ထိမ်းမြားပြီးသော် ချိန်နီးရပ်တွင်း သကြားအင်းဝယ် မယွင်းဖြောင့်တည့် ခြောက်ဆယ်ပြည့်တွင် ပတ်လှည့်ပြူရွာ စိုးအုပ်ကာလျှင် မဟာစူဠ သမ္ဘဝဟု လူမျာ့းဦးရစ် စစွာဖြစ်၍ ခြောက်နှစ်နောင်ကျော် စံမွေ့ပျော်မှ ညီတော်ဆက်ငြား သုံးဆဲ့ငါးဝယ် ရှောင်ရှားလုခွင် မိုးလယ်ရွှင်သော် ထိပ်ပြင်ဘိုးဦး စက်ကွန့်မြူး၍ မိန့်ဘူးရွှေနှုတ် မှန်တသုတ်ကြောင့် ဂါဝုတ်လေးပြန် ဘူမိကြန်ထက် သူမွန်သကြား ခုနစ်ပါးတို့ ဝန်းလျားမစ သုံးဌာနကို သတ္တရက်ကြာ တည်၍သာလျှင် ဂေါဇာတက်လု ရာတခုတွင် ဇမ္ဗုတန်ဆောင် ဒွတ္တပေါင်အား ရန်အောင်စိမ့်ကြောင်း ဘိသိက်လောင်းပြီး ရိုက်ခြောင်းထစ်ချုန်း မိုးသံအုန်းသို့ ဒုန္နဘိဃဏ် ခွန်တောင်းရန်က ဆဒ္ဒန်ဇာနည် လှံရှည်ထားကြိမ် ရန်မျိုးနှိမ်နှင့် တိမ်လိမ်ဘောက်လှဲ သွေဘင့်နွှဲမူ သူရဲနတ်စစ် ဆဲ့ခုနစ်တို့ ခေါ်ရစ်ကွပ်ညှပ် ဆောင်နှင်းအပ်သည် အောင်ရပ်တည့်သောင်းကျေး ထိန့်ရိုက်ကြွေး ။
  20. ရိုက်ကြွေးထိန့်ဆူ နတ်လူရိုချစ် ဘေးလောင်းစစ်လျှင် နှစ်ခုနစ်ဆယ် တန်ခိုးကွယ်သော် နန်းဆွယ်ဆက်မှန် ဒွတ္တရန်မူ ဗိမာန်စိုးလစ် နှစ်ဆဲ့နှစ်တိ မြေးမြစ်ဆက်ထောင် ရန်ပေါင်ရန်မန် မင်းနှစ်တန်တို့ စိုးဟန်စဉ်ညီ ငါးဆယ်စီတည့် သွေးသည်းရက္ခန် ဆက်ပြန်နှိုင်းရှဲ့ သုံးဆဲ့တနှစ် သွေးစစ်ခံလောင်း ရန်ပေါင်းယဉ်မှိန်း အဌတိန်းလျှင် ရွှင်ဘိန်းစိုးပိုင် သားလက်ခိုင်မူ ရှစ်ဆိုင်ဘွေးဘွေး သုံးဆဲ့လေးတည့် ပြည်ရေးဆော်ဘန် သီရိခန်တုံ ရန်ကိုကမြစ် နှစ်ဆဲ့ရှစ်မှ ပျိုမျစ်သားချစ် သီရိရာဇ်ကား ကိုးနှစ်နန်းတက် စံငြိမ်းသက်ရှင့် သမက်မျိုးခြား ငတပါးလျှင် တရားကိုယ်လုံ ဆယ်မည်ထုံလျက် စိုးတုံဧက ပညာသဖြင့် သားလှဘန်းသန် ပါပိရန်မူ ငါးတန်ဘွင့်မြောက် ခြောက်ဆဲ့ခြောက်တည့် ထိုနောက်ဆက်ထ ရန်မုက္ခကား ဆဲ့ငါးစံမှိန် ရန်သိင်္ခလျှင် ပျော်ရွှင်သုံးနှစ် ရန်စစ်မမှုန် ရန်မုဉ္ဇလိန် ဘုန်းရှိန်ရောင်လွှတ် ပန္နရသ်တွင် အတတ်စုံလှ ဘေရိန္ဒမူ စံပဆဲ့တစ် သားစစ်မှန်လှ မုဉ္ဇလကား ပဉ္စယွင်းသုန် နန်းပိုင်ကုန်က ညီပုဏ္ဏနှင့် သာခသာသီ သုံးနှစ်စီလျှင် မင်းညီနောင်သုံး စဉ်သင့်ကျုံးသည် ပတ်ကုံးတည့်နီးဝေး ရွံကြောက်ဧ ။
  21. ကြောက်ဧတိုင်းစွန် လက်ရုံးအန်နှင့် ညီကန္နုမင်း တနှစ်ကင်းပြီး နောင်ရင်းကန္တက် သုံးနှစ်ဆက်၍ ပျက်ခဲ့မငြို နတ်ဌာန်ခိုမူ အစ်ကိုဘိဇ္ဇ ယွင်းခွမသွေ လေးနှစ်နေမှ ညံ့ပြေဘုန်းဂုဏ် နေအရုဏ်သို့ သုမုန္ဒရီ ခံညီမုနော စံပြန့်ပြောက ဒေါဒေါရသ ဖြိုကိန်းကျဟု ယူကြလေဘိ ပညာရှိတို့ ထိုပြီးဖြိုမည် ပြုကုန်သည်တွင် နတ်ပြည်နှစ်တန် နန်းဝေယန်မှ မဟလ္လက ပုဏ္ဏားရုပ်ဝါ နတ်ရှင်လာ၍ ရှေးခါကိန်းနှင့် ညှိနှိုင်းချင့်လည်း ခန့်သင့်မငြား ဂေါဇာများမူ ထားခဲ့တမှု ရောကိန်းပြုလော့ ယခုနှစ်မှ နောက်ကာလ၌ ခဆပဉ္စာ ငါးရာခြောက်ဆယ် ရောက်ခါဝယ်မူ နုတ်ပယ်လှောက်ကူ ဖြိုလိမ့်ဟူ၏ ကြီးထူကြံစည် ထိုမင်းလည်တုံ စံသည်သတ္တ ဘောက်လှဲကမူ သားလှတိတျာ သုံးနှစ်သာတည့် သုပညာနဂရ ညီဆိန္ဒကား ပြည်မဆဲ့တစ် စည်းစိမ်ပစ်၍ ဖြစ်ကြဆူမှုန် ပြည်ကြီးတုန်တွင် လေဟုန်မှုတ်လွှင့် စကောလွင့်က ပျက်ခွင့်ကျော်ညီ ဝင်ရောက်ပြီဟု လက်မှီငင်ဆွဲ ထွက်ပြေးလွှဲသည် သုံးကွဲတည့်ပြည်ရေး စုစည်းဝေး ။
  22. ရွှေတောင်မြင်းမိုရ် ထွတ်ဗဟိုဠ်တွင် နဂိုရ်ဌာန သောင်းချက်မဟု အမြဝတီ ပြည်သိင်ဂီဝယ် ဝဇီရဟတ် ဘူတပတ်၏ လေးမြတ်သားကြီး ပွင့်ချိန်နီးသို့ တူပြီးဧကန် မချွတ်မှန်သည် နန်းရန်တို့ပန်း ရွှေနားလန်းလော့ ပျက်ဆန်းဓာတ်သိုက် ကိန်းခန်းလိုက်ဖြင့် တုန်ရိုက်ပြည်ထဲ သုံးစုကွဲ၍ စောင်းမဲငြူစူ ကမ်းယံပြူတို့ မပျူမငှါ ရန်ရှာနှိုင်းပြိုင် စစ်မက်ဆိုင်က မနိုင်ကမ်းယံ နောက်တရံတုံ မခံပြုခြင်း ရန်ဖြစ်ခြင်းကြောင့် ကျပင်းနှင့်သက် နှောင့်ရှက်သိမ်းယူ တစုလူကို ရန်ငူနှိပ်နင်း ဆိန္ဒမင်း၏ တူရင်းမျိုးဟုတ် ရဲမာန်ထုတ်သည် သမုဒ္ဒရာဇ် သားနှယ်ချစ်လျက် ပြည်သစ်ထောင်အံ့ နှလုံးကြံ့နှင့် လင့်ငံ့တောင်ညို ထိုကပန်းတောင်း ပြောင်းခဲ့ချိန်ဆုန်း ရပ်မင်းတုန်းဝယ် မျက်မုန်းကျိုးငြား ရခိုင်သားတို့ လှုပ်ရှားချိန်သိ နှိုးဆော်ဘိက သီရိခေတ္တရံ နိုင်ငံသူလုံး စုရုံးဆန်၍ ညာသို့ရွေ့လျက် မြငွေ့လျှံပတ် တံ့ကြည့်ထွတ်တက် ထွတ်ထွတ်မိန့်သံ စက်ရိပ်ခံကြောင့် တမ္ပဒိပ်စွန်း ယုန်လွှတ်ကျွန်း၌ ကြငှန်းစိုက်ထိုး တည်ထောင်စိုးသည် ဆဲ့ကိုးတည့်မဝေး ရွာလက်ကျေး ။
  23. ခြောက်ရာ့နှစ်ဆယ် နှစ်ခုဆွယ်က တိုင်းကျယ်ချက်မြှုပ် စ၍လှုပ်ဟု ရှုပ်တုံလောင်းရန် တံ့ခဲ့ချန်မှ ညွန့်သံခက်ဖြိုး နှစ်ဆဲ့ကိုးတွင် ဖြန့်မိုးစကြာ ဆဲ့ကိုးရွာတက် ပေါက္ကာရာမ သမိုက်ချလျက် ထောင်စမည်ခံ ရွှင်မြူးစံသော် ရှူးပျံဘူးဝက် ကျားနှင့်ငှက်တို့ ပျက်လုဘနန်း လွှန်ညှဉ်းပန်း၍ ထက်ဝန်းရှင်လူ ဆာပူညှိုးချုံး ကြိမ်မီးအုံးသို့ နှလုံးရီပွပ် မငြိမ်ဝပ်က ဘပ်ဘပ်မြရောင် မာန်လည်တောင်ဝယ် မြဲနှောင်ရစ်ပတ် ရေနေနတ်၏ သည်းပွတ်သားရင်း ဖြူစောမင်းလျှင် ရန်တင်းရှာမေး စက်ရှင်လေးနှင့် ပြည်လှေးငါးသီး ခွင်းမြောက်ပြီးသော် ပြည်ကြီးရိမဒ် ထိန်းမှတ်ထပ်ဆင့် မော်ကွန်းမြှင့်၍ ရန်လွှင့်မင်းကျော် ဘေးလောင်းတော်ကို ရွှေလှော်ဆင်းဝါ မင်းစန္ဒာနှင့် မေတ္တာဧငြိမ်း မွှေးရည်လိမ်းလျက် ပေးထိမ်းဆောက်နှင်း နောင်ဘို့ခင်းရှင့် ထိုမင်းလုဖျား လေးဆယ့်ငါးဝယ် ပျော်ပါးမမွေ့ ခန္ဓာရွေ့လည်း မမေ့ရှေးဦး တင်ရှိဘူးဟု ကျေးဇူးရွက်ဆောင် ရသေ့ကြောင်အား ရွှေတောင်ကိုယ်စား ဆက်စေထားသည် ဆဲ့ငါးတည့်နက်လေး စံပျံ့မွှေး ။
  24. ရသေ့ကြောင်လျှင် လုဘောင်စံညောင်း ဘဝပြောင်းက ဘေးလောင်းတော်ကြီး ဖြူမင်းထီးအား မြှောက်ခြီးကျံကျံ နတ်ပေါင်းရံလျက် မင်းစံရောင်လျှပ် မြတ်ရှင်တပ်သား သင်းကျပ်မင်းခမ်း မင်းတို့တမ်းဖြင့် မွမ်းမွမ်းဖြင်မျှ ရံကျင်းပလျက် မာဃနေနတ် ဒတ္တရတ်တို့ ကြည်ညွတ်ဆက်ညွှန်း ဘိသိက်သွန်းပြီး တောင်ကျွန်းမြရိပ် သပြေထိပ်ဝယ် ရန်ဆိပ်ဝေးက ဘုန်းဆေးချ၍ ပဉ္စနှင့်သတ် စံခဲ့ပြတ်သော် သားမြတ်ဆက်ရှည် ထီးမင်းယဉ်လျှင် ရှောင်ကြဉ်မငဲ့ ရန်မျိုးဖဲ့လျက် ငါးဆဲ့ခုနစ် ဥကင်လှစ်မှ မွေနှစ်ခံထိုက် ယဉ်မင်းပိုက်တုံ မကိုက်ဆင့်ငြား နှစ်ဆဲ့ငါးနှင့် သားပိုက်သေဉ်လည် နှစ်ဆယ်တည်ရှင့် သွေးရည်ဘုန်းခေါင် သေဉ်လည်ကြောင်ကား ရန်အောင်မြင်ရာ ပေါက္ကာရာမ ရိမဒ္ဒမှ လောကနန္ဒာ တည်ရာဘူမိ နက်သန်ရှိဝယ် သီရိပစ္စယာ မော်ကွန်းဖြာ၍ ရတနာမိုး သုံးကြိမ်ဖြိုးလျက် စိုးခဲ့ပျံ့မွှေး လေးဆဲ့လေး၌ ရင်သွေးမင်းဖြစ် ကြောတူရစ်လျှင် ငါးနှစ်ငါးသွယ် ကံဟောင်းပြယ်က ဖလယ်ကိုယ့်ဟန် သားသည်းထန်သည် ရောင်ဝှန်တည့်စွေးစွေး ဖြူဖွေးဖွေး ။
  25. ကနက္ကဒဏ် ရောင်ခြည်ကွန်၍ သည်းထန်လွန်မြောက် နှစ်ဆဲ့ခြောက်တွင် သုံးယောက်အမတ် ကုတ်ပတ်ကြိုးပမ်း ရဲစွမ်းဖြဖြ လုယက်ကြသော် နန်းရစိုးပြန် မုက္ခမန်ကို အားခွန်ကြီးထု သူရဲလု၍ မင်းပြုတုံငြား ငါးဆဲ့ငါး၌ သားမဲ့ပြည်စိုး ကြမ္မာညှိုးက ဥမျိုးဆက်မှန် သာရမွန်ကို ကလန်သံပျင် ရှာဖွေတင်လျက် နန်းပြင်စိုးခဲ့ နှစ်ဆဲ့နှစ်နှစ် တည်မဲ့ဖြစ်၍ ဆက်ရစ်သိုက်တိုင် တရာထိုင်သော် ခန့်ခိုင်ရပ်သီး သမထီးဝယ် ဝေးနီးကြောက်ရွံ ခွန်ဆက်ခံလျက် တမ္ပာဝတီ တွင်ညီကမ္ပည်း မော်ကွန်းတည်း၍ သာဖြည်းစိုးလစ် ခုနစ်နှစ်တွင် ကျစ်လစ်မူနည် တရာတည်သည် သေဉ်လည်ကြောင်ငယ် နေနတ်နွှယ်လျှင် မချယ်ပြောက်ပြိန်း နန်းရွှေပိန်းထက် တြိန်းသုံးလီ ပဉ္စင်ချီရှင့် ညီသေဉ်လည်ပိုက် ဖြန့်ဝိုက်ရောင်မောင်း ဆဲ့ငါးဆောင်းမှ ခဲလောင်းတဆယ် ညီငယ်ခဲလတ် စိုးမှတ်ဆဲ့နှစ် သားစစ်ထွန်တိုက် စဉ်ဆိုက်ဆဲ့သုံး ရွှေတုံးထွန်ပစ် ဆဲ့ခြောက်နှစ်နှင့် ထွန်ချစ်ဆဲ့ငါး စိုးစံစားသည် မပြားတည့်ရှက်ထွေး နေနတ်သွေး ။
  26. ထွန်ချစ်ရာဇာ လူ့ဘုံခွါသော် ဆရာသင်္ဃရာဇ် ပြည့်ရှင်ဖြစ်၍ ငါးနှစ်ငါးသွယ် စမ္ပာယ်တုံလစ် သက္ကရာဇ်ဝယ် စက်သစ်ရဟတ် သိကြားမှတ်တွင် ညီညွတ်တန်မှု ကိန်းနှစ်စုကို စေ့ငုစီမံ ရောဆက်ခံမူ အလမ္ပိက ဖြိုသင့်လှဟု ဉာဏစက်ရှိန် ညှိနှိုင်းချိန်၍ ပြက္ခဒိန်စီရန် အဝမာန်တွင် ခန်းပါဏ်ဆကူ ကြမတ်မူကား နုတ်ယူတြိ မုနိတောမ ဤမျှရ၏ ရူပကြဏ္ဏေ ရသေနုတ်ပစ် ဥစ်ကိန်းဖြစ်က လပ်လစ်ငါးခု မြှောက်ရှုဗိုလ်မှာ မှန်စွာနှောမှ စမ္မနုတ်လေ သတ်နှင့်ချေက မြဲနေတြက် အမှတ်ထွက်ဟု တွက်ချက်နှစ်ရှည် နောင်တို့တည်ရှင့် ယင်းသည်နှစ်နောက် နှစ်နှစ်မြောက်တွင် ဥပေါက်နေမျိုး မင်းရိုးမသုန်း လွတ်ရာပုန်းသည် ရွှေအုန်းသီးမင်း သမက်ရင်းလျှင် နန်းခင်းရာလှစ် တဆဲ့နှစ်မှ သားချစ်ပိတ်သုံ စိုးတုံရှစ်နှစ် သွေးစစ်ပိတ်တောင်း နှစ်ပေါင်းငါးဆယ် ညီငယ်စောခွေး ခြောက်နှစ်သွေးလျက် မြင်းကျွေးမျိုးခြား စိုးငြားတဆယ် ရှစ်သွယ်သိင်္ဂ ဒသသိန်းခွန် သားမွန်ရွှေလောင်း သက်ပေါင်းထွန်တွင်း နှစ်ပါးမင်းတို့ ဖြူဝင်းဖြန့်ချီ ကိုးနှစ်စီတည့် ညီရွှေမှောက်တို နှင်ဖြိုရန်လုံး နှစ်ဆဲ့သုံးမှ သက်ဆုံးထွန်လွတ် သတ္တရသ်ဝယ် တမွတ်ဖြန့်လှစ် စောခင်နစ်သည် မင်းဖြစ်တည့်စံရေး သတ္တနွေး ။
  27. စောခင်နစ်မင်း စည်းစိမ်ကင်းသော် သက်နှင်းခဲလူး စိုးမှူးဆက်လစ် ဆဲ့ခုနစ်တွင် ညီချစ်ပျဉ်ပြား ရာထားဆက်ခံ သုံးနှစ်စံ၍ ပုဂံအောင်မျှို့ ယခုမြို့ကို နောင်ဘို့ရှုရည် ထောင်ပြန်တည်လျက် အောင်စည်ဆော်ကာ ကိုးနှစ်ကြာက သည်းချာတန်နက် ရွှေချက်ဖြန့်ဝေ ဆဲ့ရှစ်နေရှင့် စလေမင်းခွေး ကံပေးသောအား နှစ်ဆဲ့ငါးနှင့် ရင်သားသိမ်းခို နဂိုရ်ဆဲ့ခြောက် ဘုန်းသွေ့ချောက်က မျိုးဘောက်တသီး တောင်သူကြီးမူ ရွှေထီးဖြန့်ရုံး သုံးဆဲ့သုံး၌ ပတ်ကုံးလှိုင်ပျံ့ ကျော်စောနှံ့နှင့် ထောက်ပံ့ကံချိန် နတ်ဒေဝိန်လျှင် အရိန်နှင်တံ မြင်းထားလှံကို အပ်နှံလွယ်ကူ ရတော်မူသည် ကျောင်းဖြူမင်းစစ် နှစ်ဆဲ့တစ်တွင် မြှေးရစ်ကုသိုလ် နန်းပိုင်းယိုသော် ကျည်းစိုခြောက်နှစ် ညီချစ်စုက္ကတေး ဖွေးဖွေးဖြန့်လွှား နှစ်ဆဲ့ငါးမှ ရောက်ငြားထေရ်ပျံ အဟံကို ကျိုးနွံကပ်ဆည်း သုတ်သင်လှည်းလျက် ဆုရည်းရည်ထင် မြရှင်ရုပ်ထူး နဘူးသင်းကျပ် ပျော်ရပ်နိတုံ စည်းခုံနှင့်မူ ငါးဆူစွယ်မြွာ မြဆံကြာက မဟာပိန္နဲ ကျော်သည်းသည်ပ များလှပုထိုး ရင့်ကြောင်းကြိုးသည် ကောင်းကျိုးဖွေရှာ နော်ရထာလျှင် နောင်လာရှုငဲ့ ပြုစုခဲ့၍ သုံးဆဲ့သုံးနှစ် နတ်ထံဖြစ်က သားစစ်စောလူး ဆက်ကာမှူးသည် ကြည်နူးတည့်နီးဝေး ပျပ်ဝပ်ကွေး ။
  28. စောလူးစံမြောက် နှစ်ဆဲ့ခြောက်တွင် ချောက်ချောက်ချားချား မင်းခြားမချပ် နှစ်နှစ်လပ်သော် ပိုးဟပ်ကြွက်တု ဖျက်ဆီးပြုသည် တခုယုတ်ကြံ ငရမန်ကို မင်းကျန်စစ်သား ဘုန်းဖြင့်ဝါး၍ ငါးနှင့်နှစ်ဆယ် ခန္ဓာကွယ်က ဘုန်းကြွယ်နေ့တူ လောင်းစည်သူလျှင် ရွှေဂူသုံးလူ့ သဗ္ဗညုက ဇမ္ဗူ့မှန်ကူ ရှင်ဖြူရှင်လှ ကဿပနှင့် ကိုင်းမညောင်ခက် သရက္ခန်ငါး စကားကိုးပိုင်း ကုသိုလ်လှိုင်း၍ ပြိုင်နှိုင်းရှားလစ် ဘေးလောင်းစစ်မူ ခုနစ်ဆယ်ဘန် နတ်ရပ်ပြန်သော် ဆက်မှန်မုနော မင်းရှင်စောတုံ လျင်ဆောတရက် ကနက်ဖြန့်ချီ ညီကုလားကျ စိုးကြဆက်စဉ် မင်းယဉ်နရသိန် တောက်ထိန်ပဝင်း သားဘမင်းတို့ မယွင်းတူပြီ သုံးနှစ်စီတည့် မြတ်ညီဘုန်းရှိ နရပတိစည်သူ ဇမ္ဗူညွတ်ရုံး သုံးဆဲ့သုံးမှ နှောင်းဆုံးသက်ဝေ တရာနေသည် ဇေယသိင်္ခ ဓမ္မမလစ် နှစ်ဆဲ့နှစ်တွင် သားချစ်ဆက်လှာ မင်းကျစွာမူ ဆဲ့ငါးဟူရှင့် သည်းဥဇနာ ခြောက်နှစ်ကြာက ကျာကျာကျွေးဟစ် သဘင်ဖြစ်လျက် မင်းဇာစ်တရုပ်ပြေး လေးဆဲ့လေးဝယ် ရှေးပြုကံမြိတ် ဘုန်းရောင်မှိတ်သော် မဆိတ်အာဏာ သားကျော်စွာလျှင် ရာနှင့်ခုဆ ဆယ်စရဝယ် လောင်းထနှစ်၍ နှစ်ရောက်လေက ဘမွေထိန်းကျောင်း ရိပ်ဖြူဆောင်း၍ ရှေးကြောင်းခံလစ် ဆဲ့လေးနှစ်တွင် ရှင်ချစ်ဘုန်းခေါင် သင်းပွင့်တောင်ထက် ဉာဏ်ရောင်မြွက်ပြီး စိုင်သုံးစီးတို့ ပွင့်နီးချိန်ထောက် ထိုခါရောက်၍ သုံးယောက်နောင်ညီ ပြောင်းခဲ့ချီသည် မထီတည့်ရန်လှေး ဦးမလေး ။
  29. ကျွန်းကျွန်းတန်ဆောင် မင်းထွတ်ခေါင်ဝယ် ထောင်ရှစ်ဆဲ့လေး ညီများရှေးသို့ နက်လေးပညာ ထူးလှစွာသည် နန်းလျာဘုန်းရှိ ရွှေနားချိလော့ ဇာတိမြတ်ခေါင် မြင်စိုင်းထောင်သား ညီနောင်ရန်နိုင် မင်းသုံးဆိုင်တွင် ခရိုင်ပင်လယ် စိုးစမ္ပာယ်သည် ညီငယ်ဘုန်းလူ သီဟသူလျှင် ရွယ်တူရွှေဝ လေးကြိမ်စမှ ခြောက်ရာ့ခုနစ်ဆယ် လေးခုဆွယ်၌ တုံ့ဖယ်တောင်သို့ နတ်ညွန်းပို့၍ ရွှေမြို့ပင်းယ တည်ထောင်ချပြီ ဖြူလွယာဉ်ညင် တစီးရှင်လျှင် နန်းခွင်တဆယ် စည်းစိမ်ကွယ်က သက်လှယ်ဥဇနာ လေးဖြာငါးနှစ် ညီချစ်လွှန်ထင် ငါးစီးရှင်မူ ဥကင်ကိုးနှစ် သားစစ်ကျော်စွာ ဘုံသာနန်းလယ် တဆယ်စိုးပြီ ညီနရသူ ဆက်ယူနန်းပေါ် သုံးနှစ်ပျော်မှ နောင်တော်ရင်းချာ ဥဇနာပျောင် နန်းရွှေတောင်ထက် ထွန်းပြောင်သုံးလ စံရွှင်ကြရှင့် ယင်းယနှင့်ပြိုင် ထိုအခါဆိုင်လျက် ဂနိုင်သာနှိုင်း တောင်ယံခိုင်းသား စကိုင်းတည်ကာ သင်္ခယာလျှင် ပြောင်းခွါရှစ်နှစ် နောင်စစ်တရဖျား သားရွှေတောင်တက် နန်းထက်စံညီ သုံးနှစ်စီတည့် ဂုဏ်ဆီပြည့်လျှမ်း စောယွမ်းသည်းချာ ကျစွာငါးနှစ် ညီချစ်မင်းရဲ သုံးကွဲရွေရံ ရှစ်နှစ်စံသည် ဆက်ခံတည့်နှောင်းမွေး ညီအထွေး ။
  30. ညီထွေးနှောင်းပွါး တရဖျားငယ် ရှစ်သွယ်ဖြန့်လွှင့် ငါးနှစ်တင့်မှ ယောက်ဘမင်းပြောက် ရာမပျောက်လျှင် ဆက်ထောက်စိုးထိုက် ဆယ်နှစ်ကြိုက်တွင် သုံးတိုက်လုံးချာ လောကနာလျှင် ကြွလှာစက်ရွှေ မင်းဝံဖွေထက် မိန့်လေဘူးတိုင်း ခါသင်းဆိုင်းသို့ စကိုင်းအုပ်စိုး မှူးမတ်မျိုးဟု မျက်ငြိုးပြင်းပြ ပင်းယပိုင်ယူ နရသူက မဖြူစိတ်ဝမ်း စကားကမ်း၍ ရှမ်းမိုးကောင်းစား သိုကျည်ဘွားလျှင် အင်အားထုတ်ရွေ့ လျော့မေ့လိမ်လည် လုပ်ကြံရည်ကြောင့် နှစ်ပြည်ကျိုးမဲ့ ပျက်စီးခဲ့သား နှစ်ဆဲ့ခြောက်သာ ခုနစ်ရာသက္ကရာဇ် ထိုသည့်နှစ်ဝယ် နွှယ်စစ်မင်းရိုး တကောင်းစိုးသည် သတိုးမင်းဖျား မလှည့်ပြားဘဲ လေးစားမဲ့ပါ ဥဇနာကို အသာလွယ်ကူ ဘမ်းကာယူ၍ နတ်တူပြိုင်လျာ စောဥမ္မာနှင့် သီဒါရှက်ရံ မင်းဝံမြရိပ် သန်လျက်ထိပ်ထက် တံဆိပ်မည်သာ ရတနာပူရ အဝတွင်မှု ထောင်ပြုစု၍ နှိုင်းတုမမြင် သုံးနှစ်ရွှင်ရှင့် သဘင်ညီလာ မင်းကြီးစွာလျှင် စံကာရွှင်ပြုံး သုံးဆဲ့သုံးမှ လက်ရုံးသည်းကြား တရဖျားမူ ဘောက်ပြားခဲ့ထ ငါးလမျှတည့် ဒီပကြောက်ရှောင် ညီမင်းခေါင်ကား စိုးဆောင်ခုနစ် သုံးလီနှစ်တွင် စွန့်ပြစ်တုံငြား နတ်ထံလားက သားသီဟသူ စိုက်ထူသုံးနှစ် ရွှေထီးလှစ်သည် ဆက်ရစ်တည့်သားထွေး ငယ်ကွေးလေး ။
  31. ပျိုမျစ်နုနယ် မင်းလှငယ်တုံ နန်းလယ်သုံးလ နတ်ရပ်ကြွသော် တရဖျားသား ထင်ရှားခေါ်ဆို ကျေးတောင်ညိုမူ ရိပ်ခိုနန်းမ ခုနစ်လ၌ တေဇထန်ပြင်း မိုးညင်းမင်းလျှင် ရန်နှင်းနွံချုန်း ရိုက်ရာကျုံးပြီး ဆဲ့သုံးသို့စွန်း နန်းသက်ကျွန်းတွင် ခိုင်ကျန်းတည်မှု အကြောင်းပြုလျက် ဗသျှုနောသတ် ရောကိန်းဖြတ်၍ နာဂတ်ခုပြိ ဂေါ်ဝိန်ထိလျှင် ဖြစ်ဘိတိုရှည် နှစ်ချက်တည်ရှင့် ဘုန်းစည်သွေးခဲ မင်းရဲကျော်စွာ သိင်္ဂါရွှေဘုံ သုံးနှစ်မြုံက ပွင့်မုံရွှေလှော် ညီတော်နရပတိ မရှိရန်ထောက် နှစ်ဆဲ့ခြောက်နှင့် မွှေနှောက်ရန်လင်း ပြည့်စုံမင်းကား နန်းခင်းရာကျ ဒွါဒသတည့် ဒုတိယမင်းခေါင် မရှောင်ရန်စစ် နှစ်ဆဲ့နှစ်ဝယ် သားချစ်ဘုန်းလူ ရွှေဂူဒါယကာ စကြာမနွဲ့ နှစ်ဆဲ့ငါးနှစ် နန်းတက်ဖြစ်ရှင့် ဆက်လစ်မျိုးခြား သိုဟန်ဘွားလျှင် ဆဲ့ငါးစိုးဆောင် အုန်းဘောင်ခုံမှိုင်း ခြောက်နှစ်ဆိုင်း၍ သိုက်တိုင်းမလွဲ မိုးပြဲနရပတိ လေးနှစ်ရှိက နှံ့သိဇမ္ဗူ စည်သူကျော်ထင် ပျော်ရွှင်မညှိုး သုံးနှစ်စိုးလျက် သတိုးမင်းစော ကြာမောနန်းလယ် သုံးဆယ်စိုးပစ် နောက်နှစ်နှစ်တွင် ခုနစ်နန်းထဲ မင်းရဲကျော်စွာ ဆက်ပြန်လှာသည် ရှောင်ခွါတည့်စဉ်ပြေး ရန်အလှေး ။
  32. သက္ကရာဇ်ကိုးရာ ခြောက်ဆယ်သာတွင် သမ္ဘာမှည့်ရွမ်း ရင့်ကြောင်းလှမ်းသည် ညောင်ရမ်းမင်းတရား ထောင်ကိန်းထား၍ ဆင့်ပွါးနှိုင်းရှဲ့ ရန်မနှဲ့အောင် ထပ်ချဲ့တည်ကာ ရတနာပူရ ရွှေဝမြို့ကြီး သမိုက်ပြီးသော် ကောင်းခြီးမြှောက်မြှင့် ရှစ်နှစ်ဖွင့်မှ စံခွန့်ထူးချွန် နောက်ဘက်လွန်မူ လေးတန်ခြောက်နှစ် ကံဟောင်းပစ်သော် ဆဲ့ရှစ်စိုးပြန် ညီသာလွန်က ဘုန်းဝှန်တိုးကဲ မင်းရဲရန္တမိတ် လျှံဘိတ်နန်းလယ် တဆယ်နှင့်သုံး လက်ရုံးထွန်းဝင်း ညီပြည်မင်းတုံ စံခြင်းဆဲ့တစ် ရောက်သည်နှစ်တွင် သားချစ်ခြောက်လ စိုးပိုင်သရှင့် ညီလှဆက်နွှဲ မင်းရဲကျော်ထင် ဥကင်ဖွင့်မြောက် နှစ်ဆဲ့ခြောက်ဝယ် လျှံဘောက်ခြည်ရောင် မာန်အောင်ရတနာ မဟာဗောဓိ စေတီ့ဒါယကာ ထွတ်ချာဘုန်းလျှံ ဆဲ့ခြောက်စံမှ သက်နှံလွှန်ကြင် မှန်နန်းရှင်ကား ဝန်းကျင်ဝပ်ကျိုး တဆဲ့ကိုး၌ ထိပ်မိုးထိပ်ပန်း နာမံညွန်း၍ တည်ထွန်းများလှ ဘုရာ့းဒါယကာ ထွတ်ရာဇာလျှင် နှစ်ဖြာကိုးစစ် စိုးသည်နှစ်တွင် ရန်စစ်မငြိမ်း ရွှေပြည်ယိမ်းသည် ကြောက်ကြိမ်းတည့်ရှက်ထွေး ဥပါဒ်ဘေး ။
  33. ထူးဆန်းရှစ်မည် တောရံလည်လျက် ပင်စည်မြင့်သွန်း သပြေကျွန်းဝယ် ဥဒါန်းမတိမ် ဆဲ့တကြိမ်မှ မသိမ်စင်သန့် မင်းရိုးဖြန့်သား တိုင်းမြန့်ထိပ်ချာ မင်းတကာထက် ထောင်ရာသိန်းသန်း နေလထွန်းသို့ ဘုန်းတန်းကဲမိုး သခင်ဘိုး၏ မြတ်မျိုးသကျ နေကနွှယ်ဝင် ဖြစ်ကြောင်းအင်ကို သိမြင်သော့လျောက် ရုံးကာလျှောက်ပိမ့် နန်းထောက်ပွင့်ငုံ ရွှေနားထုံလော့ သောက်လုံခွန်လှိုင်း ဘိန္နတိုင်းထက် ကွပ်တိုင်းချက်မ ဘိန္နကပြည် စိုးသည်ကျော်ရှိန် ဘိန္နကရာဇ် နွှယ်မြစ်သန့်စင် သာကီဝင်၏ မြတ်ရင်နှစ်သား မင်းနှစ်ပါးတို့ ခိုက်ပွါးရန်ရှည် စစ်ပွဲစည်က မတည်နဂိုရ် သိင်္ဂဗိုလ်ဟု ရွှေကိုယ်နှိုင်းလျော် ဘေးလောင်းတော်လျှင် နုဘော်ရှိန်လူ မြင်စိုင်းထူ၍ ခွန်ယူပြီးနောက် သားသုံးယောက်တွင် ကျော်ခြောက်မြေပြင် နှောင်းဆုံးမြင်မူ ဖြူစင်သည်မှ တစီးရလျှင် ဝိဇယမည် ပင်းယပြည်၌ ဖြစ်ချည်ငုတ်လျှိုး နေနတ်မျိုးနှင့် မြတ်နိုးရွှင်စံ ဘိသိက်ခံသည် ကျံကျံတည့်ရိုက်ကြွေး မြှောက်သံလေး ။
  34. ဇမ္ပုလွှံ့ပတ် ဘိုးတော်မြတ်က မပြတ်ဆက်နေ ပြန်၍ရေမူ ရဝေနန်းတက် ဆဲ့လေးဆက်ဝယ် သောင်းချက်ခွန်ခြင် တစီးရှင်၏ သက်တင်ပိုက်ဖြား သမီးသားတွင် ရှေ့ဖျားအကြီး တရာမှီးသော် ဘုန်းမီးနေတူ မြတ်ညီဖြူလျှင် ထိန့်ဆူပင်လယ် နောင်ရိုက်ရွယ်လျက် ညီငယ်ရင်းချာ နော်ရထာမူ မည်သာရှစ်ရှား မြို့ကိုစား၏ နောင်ဘွားညီလှ မြောက်နန်းရကား ဌာနစကိုင်း သီးခြားပိုင်းစွ နတ်နှိုင်းရောင်ဆင်း နှမရင်းမူ တောင်တွင်းစိုးလေ့ သိဟ်ပတေ့နှင့် ငြီးငွေ့မဲ့ဘူး စံရွှင်မြူးရှင့် ငါးဦးမှန်ပင် ထိုငုံယင်တွင် မာတင်ပဉ္စ ဂေါ်ရီဘကို စိုးရသခင် ငါးစီရှင်၏ ညာတင်နန်းမ အတုလ၌ သက်မျှခြောက်ဆင့် ကြာနှယ်ပွင့်သော် နန်းမြင့်စိုးကျုံး ညီနောင်သုံးမှ တင့်ဆုံးနတ်ပြီ ပုထိုးနီဟု အင်ညီဆင်းကြန် တဝမ်းမှန်နှင့် ဂုဏ္ဏန္တရာဇ် ထပ်ရစ်ကြင်ကျွမ်း ညောင်ရမ်းသာဂရ စိုးပိုင်သ၏ သိင်္ခစံခိုင်း မြင်စိုင်းကိုယ်တော် အလတ်သော်မူ သက်တော်ရှည်နှင့် ပတ်ဆင့်ချစ်ကြိုး မြင်စိုင်းစိုးသည် ဆင့်တိုးတည့်မြတ်လေး မေတ္တာရှေး ။
  35. နိတုံရွှေဝယ် ဇော်တချယ်သို့ မြတ်နွှယ်မျိုးကောင်း နှစ်ပါးပေါင်းသား ဘေးလောင်းထွတ်တင် ငါးစီးရှင်၏ နှောင်းမြင်စံတည် ရွှေအိမ်သည်နှင့် ရွှေပြည်သာစံ ပုဂံစိုးယူ လောင်းစည်သူဝယ် တူနှင့်ရင်သွေး ပျော်စံမွေးသည် မင်းရေးလိမ္မာ သိဒ္ဓိကာမှ ဆက်ကာဆင့်ပွါး မြစ်တော်သားလျှင် စုလျားရစ်ပတ် ချစ်ရည်ဆွတ်သော် သည်းပွတ်မှန်လှ မောင်နှမတွင် တွေ့ကမလွဲ ရန်မျိုးခွဲသည် မြေနဲပိုက်ကာ မင်းဒီဃာ တေဇာမနွမ်း ညောင်ရမ်းစိုးလစ် စောမွန်နစ်၏ လွန်ချစ်သမီး ထိမ်းမြားပြီးက သားကြီးရန်နင်း ဘေးမှန်ကင်းလျှင် မိုးညင်းစိမ်ပြည် နှိပ်နည်ချင်းနွံ ရှေးဦးစံမှ မင်းဝံရွှေတောင် မြို့ရန်အောင်ဝယ် အခေါင်စံမြောက် ဘိသိက်မြှောက်ရှင့် ထိုနောက်နှမ ပုခန်းရလျက် သားလှကြံ့ခိုင် သိမ်းအုပ်ပိုင်၏ ဘုန်းလှိုင်နှောင်းကြွင်း ဘေးလောင်းရင်းမူ တွင်ခြင်းမည်သာ နော်ရထာဟု သုနာပရန် တိုင်းလုံးတွန်မှ တုတ်ခွန်ဆော်နှိုး ဝပါစိုးလျက် ရှင်ဘိုးတော်နွှယ် သည်ကသွယ်သည် စင်ကြယ်တည့်မမြှေး နောင်ဖြစ်ရေး ။
  36. ဘေးလောင်းတော်ရင်း ခွန်သွင်းဝပါ နော်ရထာဝယ် ရေးရာနားလည် ရဲခုံတည်သည် အမည်ခံလျှင်း မြောက်ဘက်မင်း၏ ဘရင်းဘကြီး သားသ္မီးတွင် မဆီးအာဏာ ရဲကျော်စွာလျှင် ဘရာမလွဲ ရွှေနန်းမြဲ၏ သက်စွဲနှမ ရှင်မြတ်လှမူ သီဟပတေ့ ရွှန်းမြေ့ဘွဲ့ယူ မယ်တော်တူနှင့် ကြည်ဖြူညွတ်တိမ်း သုံးမြို့သိမ်းရှင့် ချမ်းငြိမ်းပြည်ရေး နောင်တော်တွေးတုံ ဘေးတော်ရှင်ဘ ငါးစီးရ၌ မြောက်စနန်းမြင် မြတ်သုံးအင်တွင် ရွှေစင်ပုံလုပ် ဆင်းနတ်ရုပ်၏ ရင်အုပ်ခြောက်ယောက် မောင်ကြီးအောက်နှင့် သွန်းမြှောက်ခံယူ မင်းထီးမူ၍ နတ်လူကြည်ယုံ ထူပါရုံကို တည်တုံပြီးလစ် သားတော်ရှစ်တွင် တက်သစ်နေမီး သားတော်ကြီးလျှင် အနီးရင်းက ဘွားမြင်ကြသား နှစ်ပါးနောက်မွေး ငါးယောက်ရှေးနှင့် ငြိမ်းလေးသာယာ စံပျော်ရာတွင် ရတနာမြ စည်းခုံလှကို ရွှေဝတောင်ယွန်း တည်ခဲ့ထွန်း၍ ရွှင်လန်းနုမော် သာဓုခေါ်မှ ခြောက်ဘော်သားတွင် ဘုရင်ခံမြောက် သုံးပါးနောက်ဝယ် ဘိုးတော်မယ်နှင့် ဘုန်းကြွယ်ဘေးရင်း မြောက်ဘက်မင်းကို ဆောက်နှင်းစုံဘက် မျိုးချင်းရှက်သည် သမက်တည့်ဘထွေး ဘိုးနှင့်မြေး ။
  37. ဘိုးတော်နှင့်မြေး မြတ်လေးစုံမက် ချစ်ကြိုးဆက်က ဝမ်းထွက်သည်းချာ သင်္ခယာ၏ နွှယ်ဖြာမသီး မြတ်ဦးရီးတို့ ရွှေထီးသုံးစင်း တပြိုင်ကျင်းသော် စလင်းဘုရင် နတ်ခွင်လဲပြောင်း ဝရီးနှောင်းတွင် ညံ့ပျောင်းသည်းဦ မင်းရွှေကျူကို ပျံ့ကြူကြိုင်ဧ ဘိုးတော်ဘေးမှ မဝေးနီးလှ ဘေးတော်ဘလျှင် သက်မျှစုံပူး ချစ်ကြည်နူးက သားဦးတသီး မင်းကြီးနေထွန်း ဘုန်းတန်းလျှံညီး မင်းကြီးနေဝန်း တိုင်းခန်းရွံ့ကြောက် ဘွားလှာမြောက်က မြကျောက်တံတိုင်း ရံကာဆိုင်းသည် စကိုင်းသရဘူ မင်းကြီးဖြူတွင် သက်တူတမျှ သုံးပါ့းနှောင်းနေ စံရွှေသွန်းလုပ် ရွှေပချုပ်က ရွှေရုပ်အလား ပတ္တမြားဟု နတ်များပြသ ညီအမနှင့် တင့်လှရွယ်ပျို ညီအစ်ကိုတို့ မပြိုစိတ်ဝမ်း သက်လုံးကျွမ်းသော် ဘုန်းလျှမ်းတက်ပွါး နောင်တော်သားမူ မြှောက်စားအံ့အော မင်းရဲစောက တင့်မောနတ်လျော် ခင်မျိုးဘော်တည့် ညီတော်ကမွေး မင်းရဲထွေးနှင့် ရင်ကျေးနတ်နှယ် မင်းသူကြွယ်တို့ မောင်လယ်နှမ ဘက်ရှည်ကြလျက် သကျနွှယ်သာ မပြတ်ပါသည် နောင်လာတည့်မျှော်တွေး စင်ကြောင်းရွေး ။
  38. ရွှေထီးပစ္စူ ဆောင်းထိုက်သူဟု နတ်လူတွေးတော ဆိုကြပြောသည် ရဲစောဘုန်းမွှေး မင်းရဲထွေးဟု ရှင်ဘေးတော်ဘ သကျနွှယ်မြတ် ဘေးနေနတ်ကို ခဲကတ်ရေးရာ ပညာလျင်မြန် ရဲမာန်မကိုး မြတ်နွှယ်မျိုးဟု ရှေ့တိုးမြော်ငြား သိုဟန်ဘွားလျှင် စိတ်ထားလေးတွဲ့ ရဲဘော်ဘွဲ့၍ ကျီစဲ့ပမာ မြို့စဉ်သာနှင့် အောင်ချာရွှေဘို မငြိုကံကျွေး ဆောက်နှင်းပေး၏ မဝေးထို့နောက် ငါးဆက်မြောက်လည်း ခြီးမြှောက်မကင်း ညောင်ရမ်းမင်းမူ မာပြင်းသန်စွမ်း ရဲမှုထမ်းတို့ အိုရွမ်းသည်နှင့် ထပ်ဆင့်တိုးပွါး မျိုးမခြားဟု ပိုင်စားပေးက ကပီလကို အစထွင်ခုတ် ဥက္ကာမုတ်သို့ အုတ်အုတ်ကျက်ကျက် ပျံသည်ကြက်မျှ မြေထက်မကျ များလှအိမ်ခြေ မျိုးဆွေတပုံ ကျူနှယ်ရုံလျက် အောင်ဘုံရွှေဘို နဂိုရ်ကျကျ ရွှင်ပျော်ကြရှင့် ညီလှသည်းကြား သားအများတွင် တရာစောင့်နေ မင်းကြီးရွှေနှင့် ဘုန်းဝေထန်စွာ ရှစ်ရပ်ဖြာသည် မှန်သာကြီးစား လုထွတ်ထားတို့ မခြားအကြီး ချစ်မငြီးနှင့် လျှံညီးမြခဲ ချစ်မရဲတို့ ပျော်နွှဲကြရာ ဘွားမြင်လှာသည် ရင်းချာတည့်မဝေး ဘိုးတော့်ဘေး ။
  39. ရှင့်ဘိုးတော့်ဘေး နီးဝေးထင်ပေါ် တိုင်းလုံးခေါ်သည် မင်းကျော်ဘိုးခင် လူထွတ်တင်လျှင် ရန်မြင်လွှင့်လေ့ ဘုန်းရောင်ဝှေ့သား သတွေ့းနှလုံး မင်းမြကုံးနှင့် ပတ်ထုံးရစ်လိမ် ချစ်ရည်စိမ်က မွေ့သိမ်ကျင့်သီး ရှင်လူခြီးသည် မင်းကြီးနန္ဒိ သည့်ညီဘုန်းခိုင် မင်းစစ်နိုင်တုံ စိုးပိုင်ခွန်ပို့ တလုပ်မြို့ဝယ် နှစ်လို့သဖြင့် ဘုန်းရောင်ပွင့်သား သခင့်နွှယ်ရိုး ဘိုးတော်ဘိုးနှင့် မြတ်မျိုးခေါင်တိ သီရိမဟာ အယျကာဟု မည်သာထင်ရှား ဘိုးတော်ဘွားလျှင် စုလျားရစ်တည်း ချစ်ကြိုးစည်းသော် ခမည်းတော်ဘိုး လုထိပ်မိုးက နတ်ယိုးယောင်မှား ပြစ်မျိုးရှားသည် ရှင်ဘွားတော့်မယ် နှုန်းဆွယ်များထောင်း သားချင်းပေါင်းတွင် ကျော်သောင်းနှံ့သိ သီရိမဟာဓမ္မရာဇာ မည်သာပျံ့မွှေး သခင်ဘေးနှင့် စံသွေးဘက်ကွာ မဟာဒေဝီ မဟေသီတွင် သောင်းဒီပါအုပ် ကွန်ချာရှုပ်၍ ပိုက်ထုပ်ရမည် ဘုန်းစက်ရည်ကြောင့် ခိုင်ကျည်ဝသုန် ကမြူးခုန်သို့ လှုပ်တုန်ခြောက်ချား ဘိုးတော်ဘွားက တလွှားဇမ္ဗူ ထိန့်ရိုက်ဆူသည် နတ်လူတည့်ဆုပေး ကြင်မြတ်လေး ။
  40. စည်ထွန်းကမ္ဘာ ပေါ်ဦးခါဝယ် မဟာသမတ ဘေးလောင်းကကို သာကိယမျိုး ဆက်စိုးစံနေ သရေခေတ္တ ဌာနပုဂံ တောင်ယံမြင်စိုင်း စကိုင်းပင်းယ ရွှေဝတိုင်ရုံ ရွှေဘုံရိပ်အောင်း နွှယ်တော်ပေါင်းနှင့် ဘိုးလောင်းထွတ်ထား ဘွားသည်တွင်ရွေ့ စုံစေ့နွှယ်ရှည် မျိုးတော်စည်ကို စီလျည်ချိုသာ လျှောက်ခဲ့ပါရှင့် သုံးဖြာလုဖျား ဘုရားလွတ်စေ မိုးနေသက်ရှည် ကပ်လုံးတည်လျက် ဆိုမြည်ရေရွတ် ဂဏန်းမှတ်လည်း မတတ်လှည့်ကာ မဆုံးရာသား ရတနာသိင်္ခ ပြည်မကုန်းဘောင် စက်ဘုန်းရောင်ဖြင့် ရွှေတောင်စံပျော် ဘိုးတော်ဘုန်းမီး ဘကြီးဘုန်းပွင့် ဘမင့်ဘုန်းတန်း အဆန်းဆန်းနှင့် ရွှေနန်းပွင့်ဘူး မြတ်ကျေးဇူးကို လေးဦးမကျေ ကပ်လုံးနေသို့ မကြေသမိုင်း သိမြင်တိုင်းလျှင် မလှိုင်းလွှားပ တင်လျှောက်ပြအံ့ ရာဇလက္ခဏာ အင်္ဂါသမ္မတ် ထူးမြတ်စုံညီ မဟီထွတ်ဖျား သိကြားတရှိ မယွန်းဘိသား ဂီရိမင်းဝံ မနောခံ၍ ဆက်စံမည်သူ ဘုန်းညွန့်လူသည် ပန်းတူတည့်ပျံ့မွှေး လှိုင်ဘိသေး ။
  41. ချမ်းကြည်စင်ကြယ် နက်ဝှမ်းကျယ်သား ပင်လယ်ဝန်းပတ် ကျွန်းကျွန်းနတ်ဝယ် စက်မှတ်စုံလင် ရှေးဦးမြင်သို့ ဘုန်းအင်ဖြိုးလွေ့ တန်ခိုးကြွေ့သည် အိမ်ရှေ့နန်းရန် နာဦးပြန်လော့ ရင့်မှန်ဆုဝင် ဘိုးထွတ်တင်ကို ဘွားမြင်သည်မှ နေ့ကစ၍ ဗုဒ္ဓလောင်းဇစ် နှောင်းဆုံးဖြစ်ဝယ် စင်စစ်သဖြင့် အသီးပွင့်သည် နေမင့်းဆွေသား နိဗ္ဗာန်လားသို့ တရားမယူ ရာထီးဖြူတို့ တဆူမင်းလျှင် ပြုကြချင်၍ ဆင်ခြင်မရှိ ခိုက်ရန်ထိလျက် စွန်းငြိနှလုံး စုရုံးခဲပျည် မရှိစည်တွင် ရာမညတိုင်း တလိုင်းသုံးပါး ပဲကူးသားတို့ ကြုံးဝါးမာန်စောင် လက်ရုံးထောင်က တောက်လောင်ကမ္ဘာ ပျက်ဦးခါဝယ် စကြာမေရု မြေထုမခံ အိကာယွံသို့ ဘက်စံမနှုန်း ဘိုးတော်ဘုန်းကြောင့် ပျက်ပြုန်းကြေမွ ပြည်ပူရဝယ် မင်းကမကျန် မှောက်လှန်သိမ်းယူ တိုင်းပြည်သူတို့ ဆာပူဆင်းရဲ ပြိုပျက်ကွဲသည် ပြည်ထဲတည့်အရေး ပေါက်ပင်ကျေး ။
  42. နှစ်ဆဲ့ခုနစ်သွယ် နက္ခတ်ကြယ်မူ ကျည်းကျယ်အောက်ထက် ဆဲ့နှစ်ချက်သို့ နေစက်ထွန်းစည့် တဘန်လှည့်၍ ပြည့်တုံသင်္ချာ ရှေးစည်လာတွင် ထောင်ရာကြိဏ္ဏ ဒသကားကိုး ခြောက်ခုဖြိုးသား ရှေးတိုးစည်ဖြာ သာသနာဝယ် ဖျာသို့လပ်ယူ ကျွန်းဇမ္ပူထက် ရန်သူကြောက်ပိန် ဘုန်းရောင်ရှိန်သား အာဟိန္ဒကျီး ဘိုးတော်ကြီးအား ဘုန်းမီးမြတ်စိတ် ဗျာဒိတ်ရင့်ကျူး မြွက်ဘူးသည်နှင့် အချိန်သင့်၍ ပွင့်လုနီးလျှင် ဆဲဆဲတွင်၌ စွမ်းအင်ရဲအား ပိတ်တောစားလျှင် ရှည်ငြားလိုသူ ထွက်လှာပြူဟု ဗိုလ်လူသင်ချေ ရုံးစည်းထွေလျက် မခြေမငံ သင်းဆိုသံကို ငြောင့်တံသင်သွင် ရွှေနားနင်၏ ဘိုးရှင်ဘုန်းမြင့် မှုန်းလိုက်လွှင့်က ကြံခွင့်မှောက်မှား အပါယ်လား၏ စိမ်းစားမျိုးမှန် ထက်စွယ်ချွန်နှင့် ခက်ထန်ရဲစွမ်း တွေ့တိုင်းဘမ်းသည် မာန်ကြမ်းဘီလူး နတ်စစ်မှူးသို့ ခင်ဦးကလျှင် မင်းစိတ်ဝင်၍ စစ်ဆင်ရေးရာ ကျွမ်းလိမ္မာသား လက်ယာပျံချီ ရွှေဘိုဆီသို့ မထီရမ်းကား လာထိပါးက ထွတ်ထားရှင့်ဘိုး နွှံလိုက်ချိုးသည် သမ်းညှိုးတည့်ကြောက်ဧ ကြားတိုင်းဘေး ။
  43. ခပ်သိမ်းတိုင်းသူ များရှင်လူတို့ ပုံတူရှေးကဲ့ ဖြစ်ထွန်းခဲ့သား တဆဲ့နှစ်ပါး ထွတ်မင်းဖျားမူ မှတ်မှားနောက်နောင် ဖြစ်လေယောင်ဟု ယခေါင်ရှေးက ဆိုစကြရှင့် နေကျမယုတ် ယခုဟုတ်ဟု သမုတ်ပြောရာ ဘိုးထွတ်ချာကား မြတ်စွာရှင်ချစ် မိန့်ခဲ့နှစ်တွင် ရန်မြစ်တူးမည် သစ်မြို့တည်၍ တိုရှည်ကြမ်းနု ရန်ကိုရှုမှ လေးခုဥပါယ် သင့်ကြောင်းရွယ်လျက် နေ့နှယ်ပြင်းရှိန် ရွှေညာဏ်ချိန်သော် အာလိန်ငါးထောက် ချင်းနင်းဘောက်၍ ရောက်တုံများစွာ အသူရာကို မကြာဆောလျင် သိကြားနှင်သို့ စစ်အင်များဗိုလ် မြို့ရွှေဘိုကို ဖြိုကြအုံညီ တချက်စီလျှင် ပစ်ချီအုတ်ကျောက် တောင်မြစ်မြောက်၍ ကြေပျောက်ဘနန်း ပိတ်ဆီးသန်းသား ရံဝန်းထပ်ထပ် တလိုင်းတပ်ကို ရွပ်ရွပ်ခြွံခြွံ ဘိုးတော်နွံက ခြံထွက်နွားရိုင်း ရပ်မဆိုင်းသို့ မွေးတိုင်းကိုယ်နှင့် သက်လွတ်ခွင့်ကို ချင့်၍လွှဲသုန်း ကိုယ်လွတ်ရုန်းသော် နှိုင်းနှုန်းစရာ ဟိုရှေးခါဝယ် ပဉ္စာလရာဇ် ရှုန်းသည်စစ်မျှ မကချင်ဘွယ် မြုိ့လုံးကြွယ်သည် ဆောင်သယ်တည့်ယူရေး ရွှေငွေကြေး ။
  44. ဘုန်းမီးထိန်ပြောင် ရန်ကြီးအောင်က ထွတ်ခေါင်စောထီး ဘိုးတော်ကြီးတုံ ရိုက်ခြီးကျံကျံ အောင်ပွဲခံလျက် လုပ်ကြံနောင်ရေး ရှုမြော်တွေးစည် ရန်မြှေးခဲယည်း သီလက်စည်းနှင့် ဒေါဗညားပေါင်း အဲကံကောင်းတို့ ရွာမြောင်းဝန်းခွင် လာရောက်ကျင်သော် ချစ်ကြင်လွန်ပြင်း ရှင့်ဘမင်းနှင့် နန်းခင်းစိုးသီး ရှင်ဘကြီးတို့ ပျံနီးတိမ်ပေါ် သိန္ဓောကျော်နှင့် ညာကြော်ပစ်ဘောက် အမြောက်စိန်ပြောင်း ပဲ့တင်ခြောင်းမျှ လက်ချောင်းသို့စိပ် တိမ်သို့လိပ်လျက် သိပ်သိပ်သည်းသည်း ခံရုံးစည်းသော် ဘော်နည်းညီနောင် ပွဲဦးအောင်၏ ရဲရောင်သန်ကြော လွှန်မော်တောသည် ကျွန်းတောကြီးသား ခင်ဦးစားနှင့် ပေါင်းငြားတကွ ဒေါဇွယ်ရတို့ များလှတပ်ပုံ ချီလှာတုံလည်း ကိုယ်ယုံဘိုးတော် ရဲဘော်ကျွန်စစ် ခြောက်ကျိပ်ရှစ်နှင့် ထွက်လစ်ဆီးကြို နှင်လိုက်ဖြိုရှင့် ကိုယ်ကိုထုတ်ချောက် မင်းဖြစ်လောက်ဟု ဆင်ခြောက်ဆယ်ပေါင်း လူရှစ်သောင်းနှင့် ထောင်းထောင်းမာန်ပါ ဘက်ပြိုင်လှာသား ရာဇာဓိရာဇ် ကြောက်ဘွယ်စစ်ကို မူးမြစ်နား၌ ဘိုးတော်တိုက်က ကျိုက်ကျိုက်ဆူဝှန် ပျက်လေပြန်သည် မလှန်တည့်နောင်ရေး လွတ်ရာပြေး ။
  45. လေးကျွန်းမှန်ကူ မင်းတဆူဝယ် သက်တူခန့်ရော် ရှေးဦးမြော်သို့ နှုန်းလျော်ကဲမြင့် မကတင့်သည် ငုံရင့်နန်းလောင်း ရွှေနားညောင်းလော့ တပ်ပေါင်းတွက်ရေ သိန်းကုဋေတိ အုတ်ထွေသောသော ရပ်တည်တောတွင် မာကြောဝရဇိန် လကွန်းအိန်နှင့် လျှံထိန်ရန်စည် ဗညားကျေည်တို့ စီလျည်သင့်ရည် တပ်ကြီးတည်၍ မုံ့သည်မသား မုံ့နားစားဟု စကားထင်ပြက် ရှိပေလျက်ကို ရှေးပျက်ခဲ့လေ ယွင်းနှင့်စေဟု စိတ်နေမှတ်ကြံ ကြံ့ကြံ့ခံသော် လိမ်းကျံရွှမ့်စေး စင်ကြောင်းဆေးသို့ အရေးထောက်မြော် ရှင့်ဘိုးတော်ကား ခဲလှော်သုတပ် လွန်စည်းကြပ်လည်း လျှပ်တပြက်မျှ မကြာရအောင် ခဏဖျက်ဆီး နိုင်လိုက်ပြီးက ခြားသီးသလ္လာ ရှေ့ဧရာနှင့် သီဒါမူးလယ် မြန့်တိုင်းကျယ်ကို ဆန်းကြယ်ညာဏ်ရှု လက်နက်ပြု၍ ငါးခုစွန်းဆောင် ဆယ်ရာထောင်တွင် မြန်ဘောင်ဦးစွန်း ကျုံးမြို့နန်းနှင့် နတ်ကွန်းပဟိုရ် ရွှေချက်သိုက ရေညိုမြဟန် နန္ဒာကန်ကို လျှင်ထန်မရှည် ဘိုးတော်တည်သည် အောင်စည်တည့်ရိုက်ကြွေး သိကြားထွေး ။
  46. ဘိုးတော်ရန်နိုင် ခုနစ်ဆိုင်ကို တပြိုင်ညီစွာ တည်ပြီးခါမူ ရတနာသိင်္ခ ဌာနကုန်းဘောင် မော်ကွန်းထောင်၍ ရွှေတောင်နန်းမ ဦးကင်သဝယ် သာသနာ့ဒါယကာ လောကာဓိပတိ မရှိစံကင်း အလောင်းမင်းဟု ကြိုင်သင်းရွှေနှုတ် ခံသမုတ်မှ ကမုတ်ပမာ ဘွားတော်မှာမ မဟာမင်္ဂလာ ရတနာဓိပတိ သီရိရာဇာ စန္ဒာဒေဝီ သိင်္ဂီနိက္ခ ရွှေဘွဲ့ရလျက် ခြိမ့်မျှပဉ္စင် ဘိသိက်တင်သော် ပြည်ဟင်သာရောက် ရွှေမှောက်လက်ထက် စစ်ကြီးထွက်၍ ပတ်ရှက်ခြံရံ လုပ်ကြံသည်ကို မဆိုခဲ့ဘူး ဝေးကြူးရပ်ခြား တိုင်းတပါးက ကြား၍ညီညာ စစ်ကူလှာသည် ကြံကာကြောက်ရွံ့ မလှုပ်ဝံ့တည့် ကျော်နှံ့ထုတ်ချင်း ဦးဒည်မင်းက ချက်ခြင်းစေမြဲ ဧသူရဲနှင့် ရန်တဲဘောက်ခွဲ တွန်တာရဲတို့ လေကွဲခိုင်ကျည် တိုက်လွင့်နှည်လည်း ရေကြည်မနောက် ရှက်ဘွယ်ရောက်ရှင့် ရွံ့ကြောက်ဘွယ်လိ စစ်အင်ရှိသည် မဏိပူရ ကသည်းကလျှင် များလှဗိုလ်ဆိုင် မင်းကိုပြုိင်လည်း မနိုင်ဆုတ်ရ လက်မှိုင်ကျသား မြင့်လှအခေါင် အုတ်ဖိုတောင်ဝယ် တောက်လောင်မီးရှိန် ဂုဏ္ဏအိန်ဟု ရှေးကျိန်စာယွင်း ကွေ့များမင်းလျှင် ဝပ်စင်းစက်ရွှေ မခိုက်နေသော် ချီလေရှင်ဘိုး မိန့်တော်ဖြိုးက နန်းရိုးရာမှီး ရှင့်ဘကြီးနှင့် ရှေ့ဆီးနောက်တွ ရှင်မွေးဘတို့ မချစခန်း တိုက်သိမ်းမြန်းသည် သုံ့ပန်းတည့်လက်ရွေး ဆက်ယည်ကျေး ။
  47. ကွေ့မျိုးအုတ်ဖို ရန်လုံးပြိုက တောင်ညိုငါးလုံး ပိတ်ဘုံးသီဒါ ငါးမြစ်ဖြာသား ရတနာပူရ မြို့ရွှေဝဝယ် သူကခန့်ရန် ငွေခွန်ဝန်နှင့် ကြော်ဝှန်နှံ့ကြား ဒေါဗညားတို့ သစ်ကျားလှံထိ ခံရပ်ဘိဟု ဘုန်းရှိဘိုးတော် ကြားလေသော်လျှင် တေဇော်ဝှန်သည်း ရှင့်ခမည်းကို တင့်ရည်းမရှောင် ဗိုလ်တထောင်နှင့် ခုမောင်တိုက်ချေ ခန့်လိုက်စေသော် စစ်ခြေသူက မြဲမြံလှလည်း ပျံကြွဝေလာ အဿဇာသို့ ရှစ်ဖြာစုံအင် သိန္ဓောလျင်နှင့် သန့်စင်ခါကြိုက် ယောက်ချင်းတိုက်က ကျိုက်ကျိုက်ဆူသည်း တော်သံလည်းမျှ ရေကြည်းပြေးထွက် သံလျက်မြို့လုံး သိမ်းကျုံးအောင်မြင် ရန်လုံးစင်သော် ဘိုးရှင်ရန်ဟန့် ရွှေစက်ဖြန့်၍ ရန်ညွန့်ဖြတ်ချိုး သတိုးမင်းစော တင့်မောရောင်ခြည် ရွှေဘွဲ့ချည်သည် ချစ်ကြည်သက်မှတ် ငါ့သားလတ်ဟု လျောက်ပတ်ရွေးခြယ် မျက်စုံချယ်သား စလွယ်လက်ကောက် ရွှေကျောက်စီထား ပိုင်စားမြေထူး ညွတ်နူးကြည်ဖြူ ပေးတော်မူမှ ဆူဆူဓာတ်မွေ ကျိန်းဝပ်နေသည် ပျက်လေယွင်းပါး ရှင်စောများကို တည်ထားပြုစု တိုင်းမှုပြည်ရေး အထွေးထွေးတိ ရန်မြှေးရန်ညှောင့် သူကမှောင့်လည်း မကြောင့်မကြ ရဲနေကျရှင့် မင်းလှကျော်သူ စောင့်ရစ်ဟူသည် ရှင်လူတည့်ငြိမ်ရေး သက်လုံးနွေး ။
  48. ရွှေဝဇမ္ဗူ သန်လျက်ငူကို မျိုးတူညီအား မြို့စောင့်ထားမှ မြစ်ဖျားတောင်ခိုင်း စိန်ရပ်တိုင်းတွင် ရိုင်းစိုင်းစိတ်နေ မျက်မာန်ဝေ၍ ပဒေသရာဇ် ဖြစ်သည်ရာစင်း တို့လည်းမင်းဟု မာတင်းထွေပြား ရှမ်းမင်းများကို ပျားပိုးရွက်ခြ မီးမှာချသို့ တေဇရိန်လူ ငါ့တွင်မူစိမ့် စွဲယူစိတ်ခံ ဘိုးဘုန်းလျှံမူ တင့်စံနတ်နှုန်း ဘရန်ပြုန်းနှင့် ကုန်းတပ်ရေတပ် ရေမြေဝပ်၍ ကွဲပပ်မတတ် စစ်ဆင်ဝတ်လျက် ဝန်းပတ်သာရွှင် ချီလေကျင်သော် ညာခွင်တိုင်းခန်း ရွှေပေါ်ကျွန်းဝယ် ရွှင်လန်းတင့်အပ် ရွှေစရပ်နှင့် ရောင်လျှပ်နှစ်ဆူ မှန်ကင်းထူ၍ ရန်သူမပေါ် အောင်စည်ဆော်က ဗန်းမော်စိုးသီး စော်ဘွားကြီးမူ သမီးဆက်နှင်း လက်နက်သွင်းသော် မိုးညင်းဝပ်ညောင်း မိုးကောင်းကြောက်ဧ ကလေးလန့်ဖျပ် သောင်သွပ်ခန္တီး ကြက်သီးဝှန်ပြင်း ထပြန်ခြင်းကြောင့် ချင်းနှင့်ကချင် ကြံဆင်ခြင်၍ ကြောက်ငြင်မဆန် ကျွန်းချည်းမှန်က စုန်ပြန်ခဲ့ရှောင်း မြို့တကောင်းဝယ် ရွှေဘောင်းတော်သက် မြေမြတ်ထက်ဝယ် နေ့ရက်မရှည် ညည့်ချင်းတည်၍ နေခြည်တက်နီး စည်းခုံပြီးသော် မှုတ်တီးပဉ္စင် ပွဲကြီးရင်မှ သာရွှင်ဝမ်းမြောက် ရွှေပြည်ရောက်သည် နှစ်ယောက်တည့်ပြိုင်ဝေး စံမသွေး ။
  49. စံသွေးမပြိုင် ရန်မျိုးနိုင်သား ဘုန်းလှိုင်ပွင့်လန်း ဘိုးကြငှန်းလျှင် ရွှေနန်းသာစံ ဗိုလ်ရှုခံသော် ကြောက်ရွံဘိမ့်ဘိမ့် ရိုးတွင်းစိမ့်မျှ ပိုးနိမ့်ပိုးမြင့် တဖျင့်တပါး ကိုယ်လွတ်ယားသည် ဗညားဓမ္မရာဇာ ကြေညာကျော်ခြီး ဖားရားကြီးက စသည်ဖြင်ပြွမ်း ရှေးမှုထမ်းတို့ ခယမ်းစက်အောက် ဘူးလှာရောက်၏ တောင်မြောက်ပတ်ကာ လှည့်မူရှာသည် ရာဇာဓိရာစ် နှလုံးညစ်၍ ဆက်လစ်မြင်းဆင် သက်စွန့်ဝင်ရှင့် သည့်ပြင်မကြွင်း ယောထီးလင်းနှင့် တောင်တွင်းချောင်စား တောင်ကမ်းကြားက ပြောက်ကျားနီကြန် စိတ်ဘောက်ပြန်သည် ငကျန်ဟူပြီ စော်ဘွားညီလည်း မပီဆင်ခြေ ဆိုမှားချေသို့ ဗိုလ်သေနတ်ဝန် အဘက်တန်ဟု ခန့်ရန်သည်ကို ဆိုင်ဆီးကြိုလည်း လိုလိုနွမ်းနယ် လွှန်ညှိုးငယ်စွ မိုးလယ်အထက် ဂုဏ်မာန်တက်သား တောင်ဘက်တသင်း မင်းရွာမင်းနှင့် ပင်းမြို့စိုးသီး ရွာမဲတီးဝယ် မင်းထီးတဆူ ပြူအံ့ဟူလည်း ငြူစူခိုက်ပွါး မင်းရွာစားတို့ ပန်ပြားပင်လျှို့ အသာကြို့၍ တောင်သို့မြင့်ခေါင် နီလာတောင်နှင့် လက်ဆောင်များစွာ ဆက်ပြီးခါမှ သစ္စာမတည်း ကြမ္မာနည်းရှင့် ကသည်းကတုံ စော်ဘွားဟုံလည်း မလုံစိတ်မှာ ရင်သည်းချာနှင့် စကြာမြတ်ထံ ကျွန်ရိုးခံသည် ဝေးလံတည့်တိုင်းကျေး အသာနွေး ။
  50. တတောင်လုံးရွှေ မြင့်ခေါင်ဘွေကို ရစ်ခွေခုနစ်သိန် အဂ္ဂါလိန်မှ နှိုင်းချိန်ချင့်မှု သောင်းပြည့်လုဝယ် စိမ်းနုရွှန်းဝေ ကျွန်းသပြေထက် စိုးနေရှိနှင့် မြတ်ထင်မြင့်သည် လောင်းမင့်မြေးဦး ရွှေနားနူးလော့ ပြောင်းကူးဂေါဇာ ထောင်ရာဆယ်ဧက် ခြောက်ခုနှစ်တွင် အသစ်ခင်းကျင်း ပဲကူးမင်းက ညီရင်းမှန်စွာ ဥပရာနှင့် ရင်းချာမခြား တဝမ်းဘွားသည် ဗညားဒလ စောဘယတို့ ရန်စဖြတ်ရိတ် ကြားတိုင်းထိတ်မျှ သုစိတ်ဟော့ရမ်း မာကြော့ကြမ်းမူ တင်းကျမ်းရေကြည်း ရုံးကာစည်း၍ တိုက်လှည်းရန်လုံး အစင်ကျုံးအံ့ ဆိုကြုံးဝါးကာ ဟစ်ကြွေးငြာလျက် မြစ်ညာတက်ဆန် ရောက်လှာပြန်သော် ဝေယန်နတ်လား ဘဘုရားမူ တံ့စားရွှေဝ ခံနှင့်ရ၏ ဒီပကြောက်ငြင် ဘိုးနတ်ရှင်ကား ယည်ညင်မြစ်ကြောင်း မြို့ကျောက်မြောင်းဝယ် မိကျောင်းရဲလှေ ခန့်လုပ်စေ၍ ငံ့နေစံရွှင် စစ်ရေးငင်က များဖြင်ဗိုလ်ပုံ သူသူတုံလည်း မြစ်ဆုံမြူးတပ် မခံရပ်က နောက်ထပ်လိုက်ဘိ ကျောက်မြောင်းထိအောင် လှေတိပြည့်နှက် ရေလုံးအက်မျှ သန်လျက်ကျွန်းခုံ ပျားနှယ်အုံသော် မှုကုံရှင်ဘ ဘိုးနရတို့ ချိန်မျှစေဟူ ချိန်ချက်ယူ၍ ရွှေဂူဝပေါက် ခြင်သေ့ဟောက်သို့ ချင်းဘောက်လိုက်နှံ သတ်လုပ်ကြံသည် ညှီနံတည့်ရေသွေး နီတွေးတွေး ။
  51. ဧရာဝတီ မြစ်လုံးနီမျှ စီစီကျွတ်ကျွတ် အုတ်အုတ်ကျက်တိ ကြွက်ကိုကြောင်ဘား လိုက်သောလားသို့ ကြောက်အားပည်းလှိုင်း အောက်တလိုင်းတို့ မဆိုင်းမရပ် လှိုင်းကြက်ခွပ်ဝယ် ဖျပ်ဖျပ်မည်သံ ကျေးငှက်ပျံလည်း ကြောက်ရွံသဖြင့် လိပ်ပြာလွင့်၍ နွှဲဖင့်မနေ စုန်ပြေးလေက ကြက်သရေပုံယင် ရှင့်ဘိုးခင်မူ ရွှေစင်ရောင်မြ ဖေါင်တော်ကလျှင် မြစ်မအထက် ကြည်းကြောင်းတက်၍ မွတ်ညက်ပြာဝင်း နှမရင်းနှင့် ဆင်မြင်းဆက်ပံ့ မသေဝံ့မှ မာန်ညံ့ငြင်ငြို ဝင်လှာခိုသည် ကြည်ညိုဝပ်တွား မင်းရွာစား၏ ပျက်ပြားရွာပြည် ရှိလေသည်နှင့် ထီးစည်ဆောင်းအုပ် မင်းလျှင်လုပ်အံ့ တောင်ပုပ္ပါနီး ပင်းမဲတီးတွင် စိုးသီးခွန်ယူ ပြုသသူလည်း နှစ်ဆူစကြာ မခိုက်လှာဟု သကျာနေညွန့် ချီသိမ်းဖြန့်သော် မလွန့်ရက်နိုင် ကြံကာမှိုင်လျက် စိုးပိုင်ဦးဆံ ကိုယ်သက်နှံက တိုင်းတမ္ပတွင်း သိမ်းယူသွင်း၍ အောင်ခင်းရွှေဘုံ ပြည်လည်တုံလည်း လွှန်စုံမက်လှ သခင့်ဘအား ဗိုလ်များအလယ် ငါ့သားနှယ်ကို လူဝယ်တူရှိ ရှားလှဘိဟု သီရိသုဓမ္မရာဇာ မည်သာလျှံဝင်း ဆုပုံနှင်းသည် စလင်းတည့်ထပ်ပေး မြို့ကံကျွေး ။
  52. စစ်ကြီးတဖန် နိုင်လိုက်ပြန်က တိုင်းစွန်ပြည်နေ ငြိမ်ဝပ်စေ၍ ပရမေရှင့်ဘိုး ရွှေနန်းစိုးသော် တောင်ရိုးခိုမှီ စော်ဘွားညီလျှင် မထီလေးစား ပြုသည်ကြား၍ လျင်လျားချီလေ သိမ်းယူစေက စက်ရွှေတော်စ ဦးတိုက်ရ၏ သည်မှတခြား မိုးကောင်းစားတို့ ဆိုးရွားမှုန်ဆန် မိုက်မှားပြန်လည်း လျင်မြန်ချီသိမ်း ရန်မီးငြိမ်းရှင့် ပလိမ်းပကျံ မင်းဖြစ်ကြံလျက် နိုင်ငံကျယ်လှ ကမ္ဗောဇတွင် စော်ဘွာ့းအပေါင်း မော်ထီးဆောင်းတို့ ညွတ်ပြောင်းဝပ်စင်း ရွှေတောင်မင်းလျှင် ဆင်မြင်းသူရဲ ခြိမ့်ခြိမ့်သဲမျှ ကျိတ်ခဲကြံစည် ဆင်းလှာမည်ဟု ရန်နည်ဘုန်းရှိ ကြားလေဘိသော် နတ်ဝိသကြုံ စေတိုင်းကုံသို့ ယုံကျုံတတ်ပွန် သေနတ်ဝန်နှင့် တူတန်ကြဧည့် ခန့်လိုက်ထည့်က ပတ်လှည့်နောက်မွှေ မြည့်မြည့်ကျေမျှ မသေသော်လည်း ကြားတိုင်းညည်းအောင် အနည်းနှင့်ဖျက် ကျိုင်းတောင်းပျက်သော် အသက်လွတ်ကြောင်း ရှမ်းမင်းပေါင်းလည်း ဆင်ကောင်းမြင်းကြီး သားသမီးနှင့် ပုံပြီးလက်နက် စုနှင်းဆက်၍ ရွှေစက်ညွတ်ရှည် ဆုမြတ်ရည်ရှင့် ပြည်နှင့်တောင်ငူ နေသသူတို့ ခုမူဆန်ကန် တလိုင်းကျွန်မှ တော်လှန်ပါပြီ ဝင်ရောက်မှီသည် ဖြန့်ချီတည့်လျင်ရေး ရှိပန်းဖွေး ။
  53. တောင်ငူနှင့်ပြည် နှစ်တည်စက်ပါး ခိုသည်ကြား၍ ယောက်ျားမမှတ် အကုန်သတ်အံ့ ပတ်ပတ်ရန်ဝန်း တလပန်းနှင့် ရိုက်မွှန်းဆော်ကာ ဥပရာတို့ ရောက်လှာပြန်ကြ ပြည်သို့ကျဟု ဘုရာ့းဘိုးရင်း အလောင်းမင်းလျှင် ပျံ့ရွှင်လှိုင်ကြူ ကြားတော်မူသော် ကြီးထူလျားနံ ဆဲ့ကိုးလံမူ နာမံဘက်ရှဲ မှိုင်းသဲသဲတွင် လက်ဝဲလက်ျာ လှေချင်းငြာလျက် ညီညာမယွဲ့ သုံးဆဲ့ခြောက်စင်း လှေရံကျင်း၍ အင်ကြင်းပွင့်ဝေ လေပြင်းချွေသို့ လျင်စေငင်နုတ် အရံဖြုတ်ဟု မျက်ကြုတ်မထ ရွှေနှုတ်ဟသော် မင်းလှစည်သူ ဝှန်ဆူသတင်း စည်သာမင်းလျှင် ချက်ခြင်းချီစုန် အောက်သူပုန်တို့ ဂဠုန်တောင်သံ နဂါးရွံသို့ ရပ်ခံရေကြည်း ကြိုးကြတည်းလည်း ဖြင်ပည်းရှေးက ရှုံးဘူးလှ၍ ကြောက်စမဆုံး ပြည်သို့ရုံးမှ တပ်လုံးဗိုလ်ထု စုမြဲစုသော် ဇမ္ပူ့ဆီမီး ရွှေဖေါင်စီး၍ ဘကြီးရှင့်ဘ ချီရောက်ကလျှင် တကွရေကုန်း တိုက်လွှင့်မှုန်းက ပိတုန်းပျားပွဲ မီးလျှံစွဲသို့ ကရဲကသီ ကစီကရင် မြင်းဆင်မီးပေါက် အမြောက်မြတပူ မယူဝံ့လစ် လှေတက်ပစ်၍ ပြစ်ပြစ်ကုန်လု ဆုံးပါးမှုကြောင့် ဥပရာဇာ ရှက်ကြောက်ရှာလျက် ဗိုလ်ပါသိမ်းသွင်း သံလျင်ကင်းတွင် ရပ်တင်းခိုမှီး ကြိုနှင့်ဆီးသည် ကြက်သီးတည့်ဝှန်ပြေး ထွက်ပြန်ချွေး ။
  54. ဘိုးတော်ထွဋ်တင် ရန်အောင်မြင်သော် ဆံရှင်မွေမြတ် သရိဓါတ်ကို စိတ်ပြတ်ကြည်နူး ပူဇော်ဘူးမှ စူးစူးရန်သူ ရှိရာမူလျက် ကမ်းငူစဲသောင် စံရွှေဖေါင်နှင့် မြန်အောင်ကြောင်းဆိပ် ရန်မျိုးနှိပ်၍ စက်ရိပ်ချပြန် သရက္ခန်ကို နတ်ဘန်ဆက်သ ကိုးကွယ်ရ၏ ဒလပန်းပါ ဥပရာတို့ လက်ျာစစ်တောင်း ဗိုလ်မှူးပေါင်းနှင့် ထပ်လောင်းခင်းကျင်း သံလျင်ကင်းက ရဲတင်းဟန်ပန် ဆီးခံပြန်သော် ရဲမာန်ပျောင်းပျ တက်ရေးပြလျက် ရှင့်ဘဘကြီး ရွှေလှေစီး၍ ရွှေထီးဖြန့်ကြက် နှစ်စင်းထွက်က အုတ်ကျက်သောင်းသဲ အပွဲပွဲပင် လှိုက်ဝဲပလုံ ရေစားကျုံသို့ ကြိုက်ကြုံပြန်သေး မြည်တွန်ပြေးရှင့် ရန်လှေးကြောက်ရှောင် ဘိုးထွဋ်ခေါင်မူ ရွှေဖေါင်စုန်ကြွ ပန်းလှိုင်ဝဝယ် သူကဆီးကြို နှစ်တပ်ကိုလျှင် လွှင့်ဖြိုဖျက်ဖျောက် ခြိမ်းလိုက်ခြောက်၍ ထုတ်ချောက်ဒဂုံ ရောက်ပြန်တုံလည်း လုံခြုံအောင်ရည် တပ်ကြီးတည်မှ ပတ်လည်ကျေးသီး သိမ်းယူပြီးသော် ရန်မီးဖုန်ဖုန် လွင့်မမှုန်ဟု ရန်ကုန်အောင်တပ် ခေါ်ပညပ်သည် ရန်လှပ်တည့်စည်ဝေး ရန်အလှေး ။
  55. ရန်ဘက်လွှဲသုန် မြို့ရန်ကုန်တွင် ရေဟုန်ရစ်ဝုတ် မြစ်သမုဒ်နှင့် သိင်္ဂုတ္တရ တောင်မြတ်လှထက် တေဇာ့ရောင်ထင် ဆံတော်ရှင်ဝယ် ကြည်လင်ဆုကြီး ပန်လျှောက်ပြီးသော် သီးသီးရေးခွင့် ရွှေညာဏ်ချင့်၍ အသင့်ခန့်ဘွဲ့ ထားပြီးခဲ့မှ ရန်မဲ့အောင်ခန်း ပြန်လည်မြန်း၍ ဖြောင့်တန်းဆယ်မည် မင်းကျင့်တည်လည်း ရှမ်းပြည်တလွှား ရှမ်းစော်ဘွားကို ဘဝါးရွှေစက် သိမ်းယူဆက်သ ရဲဘက်တော်မှန် သေနတ်ဝန်ကို လူသန်လူကောင်း သူရဲပေါင်းနှင့် ရေကြောင်းကြည်းဆို့ သံလျှင်မြို့ကို နေသို့ပူလှန်း ရေနှယ်ခန်းအောင် ဖြန်းဖြန်းရံနေ တိုက်နှင့်လေဟု စေကကြပ်ကြပ် ကိုယ်တိုင်ကွပ်၍ မြောင်ကျပ်ဓနုန်း ခုတ်ထွင်ပြုန်းက ကျွန်းကုန်းထိပ်ပြင် တပ်ပေါင်းဝင်ရှင့် ရန်နှင့်ချိုးဖြတ် ဘိုးတော်မြတ်ကား သတ်နှင့်ဧက်ရုဒ် မယုတ်ရောက်ခါ သက္ကရာတွင် မြိုင်သာကုန်းကျင်း ပေါက်လဲကင်း၍ ငါးကြင်းဆန်လု ဆောင်းရတုဝယ် ဇမ္ပု့ဗိမာန် ဖေါင်ဝေယန်နှင့် ဆော်ဘန်ဝေခြမ်း အမှုထမ်းကို စိတ်ချမ်းစိမ့်ရေး ရဲဆုပေး၍ မနှေးတသုန် ချီပြန်စုန်က ရန်ကုန်ရောက်လျှင် မြို့သံလျင်ဝယ် မြစ်ပင်လယ်နား သင်္ဘောများကို ထွားထွားဖျက်ဆီး ကျေပျက်စီးသည် ဖြင့်ညီးတည့်ဗိုလ်လှေး ကြွယ်သဋ္ဌေး ။
  56. အရိန္ဒမာ စကြာထားလှံ မြင်းပျံဆင်ဖြူ ရတော်မူသား နတ်လူအံ့အဲ ဘိုးတော်ပွဲမူ မှတ်စွဲခန့်ပိုင် မဆုံးနိုင်တည့် ဘုန်းခိုင်ရွယ်လူး နာတုံဦးလော့ ပဲကူးမြို့နန်း နောက်တောင်ယွန်းဝယ် မွေးနန်းနတ်သွင် ပျော်ဘူးရွှင်သည် သံလျင်ကျွန်းသောင် မြို့သံတောင်ကို ဘုန်းရောင်စိန်သွား လက်ရုံးမြားဖြင့် မင်းများသင်းကျစ် ကွဲအောင်ပစ်က တင်ပြစ်ကင်းလှ မြို့လုံးရရှင့် ထိုကဟံသာ ရှေ့ရည်ကာလျှင် နှစ်ဖြာကြည်းရေ ဖြန့်တက်စေမှ မြူတေတဆူ ဘိုးတွေးမူကား တောင်ငူကြောင်းလာ ချင်းဘောက်ကာတိ ဟံသာမြို့မြောက် ချီလာရောက်၍ တောမျောက်သစ်သီး ရန်မီးဆီးသို့ ထုံးမှီးပုံညီ ရှိပါပြီဟု မြှောက်ချီထိပ်စ လျှောက်လှာကလျှင် ဒီပသနင်း ဘိုးမှန်ကင်းတုံ မာန်သွင်းမငြိုး ဒီမြစ်ရိုးသို့ ညိုးညိုးညီးညီး ရွှေဖေါင်ကြီးနှင့် မငြီးရွှင်လန်း ရွှေစက်မြန်း၍ အောင်ပန်းဆင်မှု ပြီးကြောင်းရှုလျက် ဇေတုဝတီ ဌာနီရိပ်ဝဲ စမ္ပါယ်တဲက ရဲရဲမည်းကျုတ် သွေးသံစုတ်၍ ကြုတ်ကြုတ်မြည်အောင် သောက်မည့်ရောင်သို့ ရဲခေါင်ရဲဖျား ရဲသူများတို့ မြို့နားညိတ်ညိတ် ဝန်းရံပိတ်သည် လန့်ထိတ်တည့်တုန်ဧ အသည်းဆွေး ။
  57. တလိုင်းသူလျှင် အသည်းကျင်၍ ချစ်ကြင်မသွေ လွတ်ပါစေဟု တွက်ရေမသာ များပဏ္ဏာနှင့် ကညာသမီး ဆက်သပြီးမှ သီးသီးဆော်လှုံ့ မိုးနှယ်အုံ့လျက် မကြုံ့ခဲ့ကျိတ် အံသွားကြိတ်၍ ကိုယ်စိတ်စိုးပိုင် ဘက်ပြန်ဆိုင်လည်း ထွတ်တိုင်ရှင့်ဘိုး စက်မိုးကြိုးသို့ အကျိုးနှစ်ပါး မြော်ထောက်ထားမှ ငါ့အားလည်းတင့် သူလည်းသင့်ဟု ကြူးရင့်ရွှင်ဝမ်း အောင်စည်ရွမ်းလျက် ဘုန်းလျှမ်းရှိန်ပူ မြို့လုံးယူသော် မင်းမူရှေးက တည်ထောင်စသား သမလကုမာ သည်နောက်မှာတုံ ဝံသာဆင့်ပွါး သားသားမြေးမြစ် ဆဲ့ခုနစ်တွင် နှောင်းပြစ်တိသာ ပြတ်သည်ကတည့် ခုနစ်ရာ့သုံးဆယ် တခုကယ်တွင် ငွေ့နှယ်ဖြူဆွ ပြောင်မုန်ဝနှင့် မုတ္တမစိုးမှူး ဗညားဦးလျှင် ပဲကူးထောင်ပြန် ဆဲ့တတန်တွင် ညာဆန်ပြည်ရောက် သူရှင်မှောက်လည်း သာလျောက်ကံရှိန် ရွေ့ရွေ့မှိန်ရှင့် သမိန်ထောဟူ သားလက်တူလည်း ဆင်ဖြူများရှင် လွှင့်လိုက်နှင်က မဝင်သစ္စာ ဘိုးတော်မှာသို့ ဟံသာဝတီ ပြည်ဌာနီဝယ် ဒေဝီဆက်ပို့ မင်းနှင်မြို့ကို နှစ်လို့ရွှင်မြူး မရဘူးဟု အံ့မူးလူရှင် ပြောရာဖြင်သည် သောင်းခွင်တည့်ကျော်မွှေး ဖိမ့်ဖိမ့်ကွေး ။
  58. ဘုန်းရောင်နေဝါ ထိန်လင်းဖြာ၍ တိုင်းရာမည ပဲကူးရသော် ဒူယကတိုင်း ရစ်ဝိုင်းပင်လယ်ဒဝယ်မကင်း တနင်းသာရီ ခွန်ဆီပိုင်သ မင်းထိုမျှနှင့် ဝန်းကြရံလည် အစည်ကျွန်းခြား ထီးဆောင်းများကို စက်ချားသို့ပတ် ဘုန်းလျှံလွှတ်က ကင်းပြတ်ခန္ဓာ ဖြစ်လှည့်ရာဟု ကြားကာရွံ့စိုး အုပ်ထည်မျိုးနှင့် အဘိုးထူးမြတ် နဝရတ်တိ ပတ်ယတ်စုံလင် မြင်းဆင်ယည်သာ ကညာဆက်သ ကျွန်ခံကြမှ သိင်္ဂရန်အောင် ပြည်ကုန်းဘောင်သို့ များမြောင်ကြည်းရေ မိုးမြေပြတ်ကျိုး အောင်စည်မိုးဖြင့် ထစ်ကြိုးရွာမြောက် ပြန်လည်ရောက်သော် ထပ်လှောက်မြို့ကြီး ရံဆီးကျုံးမြောင်း တန်စောင်းပစ်စင် ဘန်စီရင်လျက် ရှေ့ခွင်မြောက်ကူး မြို့ထိပ်ဦးဝယ် မြင့်ဖြူးတိမ်ဆီ ရွှေစေတီနှင့် သိင်္ဂီရောင်မောင်း စံရွှေကျောင်းကို လျင်ကြောင်းမရှည် ဆောက်လုပ်တည်၍ ရွှင်ကြည်အားရ ကုသိုလ်ငှရှင့် ဝါဒကွဲလွဲ ယူမှားစွဲသည် မျည်းတဲမြို့စား ဟုံးစော်ဘွားတုံ စက်ပါးနီယံ မကျိုးနွံဟု အောင်လံဆောက်စိုက် ဘိုးမကိုဋ်လျှင် ပွင့်ထိုက်ငုံစ ရှင်ချစ်ဘနှင့် ခဏလွယ်ကူ ချီသိမ်းယူက လက်တူရပ်နေ မဝံ့ချေ၍ တောင်ခြေကမ်းစ ခိုဝင်မှလျှင် စင်လှခြောက်ပြစ် နှစ်မချစ်ကို ကျွန်ဖြစ်မချို့ ဆက်လှာပို့သည် နောင်ဘို့တည့်ရှည်ဝေး ရှုမြှော်သေး ။
  59. နာဂသျှန္တ ရဌတိုင်းစည် ကသည်းပြည်ကို စက်ခြည်ဖြန့်ယူ အောင်တော်မူက ရှင်ဖြူမည်ရ မုနိန္ဒကို သိင်္ဃကုန်းဘောင် ပင့်ခဲ့ဆောင်၍ ရွှေတောင်နန်းဦး ရိုညွတ်ဘူး၏ မူးလည်းလိုရာ မစီးသာဟု အာဏာဘက်ရှဲ မိန့်တော်စွဲက အခဲအကျည် ရေအယဉ်တုံ ရှောင်ကြဉ်မဝံ့ ခွန်ထွက်ဖွံ့အောင် အနှံ့ပြည့်ဝ စီးဝင်ရသား တောက်ပတန်ခိုး ရှင်ချစ်ဘိုးလျှင် သတိုးသိင်္ဂသူ မြတ်ညီဖြူကို တောင်ငူပိုင်စား ပေးသနား၍ ရာထားစိုးသီး ရှင့်ဘကြီးကို ရွှေထီးဆောင်းနေ နှင်းခဲ့လေမှ တိုင်းခြေရပ်ခြား ယိုးဒယားသို့ ထွဋ်ထားဘိုးကျော် ခမည်းတော်နှင့် ရွှင်ပျော်ခြိမ့်မျှ ရွှေစက်ကြွသော် များလှမြင်းဆင် လက်နက်ပြင်၍ စစ်အင်သောင်းသိန်း မြေမိုးဟိန်းအောင် မုဒိန်းဆော်ကာ အဖြာဖြာတည့် ဒွါရာဝတီ သုရှင်ချီ၍ ရဲဆီယိုစီး ကြိုနှင့်ဆီးလည်း ကျီးကိုလက်မြှောက် နှင်လိုက်ချောက်သို့ ရွံ့ကြောက်တန်ဧ မြင်တိုင်းပြေးရှင့် သေဘေးလွတ်အောင် များလက်ဆောင်နှင့် နောင်လည်းသစ္စာ ခံပါတော့မည် သာကြည်ပြန်ကြောင်း ပန်လျှောက်တောင်းက ဘိုးလောင်းဘုန်းစည် ရွှေစက်လည်၍ ထက်ပြည်ဘုံပေါ် စမ္ပာယ်ပျော်လည်း လောင်းတော်ရွှေစင် ဆောင်ခဲ့တင်သည် ဘခင်တည့်ဘုန်းမွှေး ညာဏ်နက်လေး ။
  60. စကြာလှည့်ရွှင် လေးကျွန်းရှင်ဝယ် ဘုန်းအင်ရည်သွား စုံညီသားသို့ တိုးပွါးမြင့်ကျယ် ဘုန်းပေါင်းကြွယ်သည် နန်းစွယ်ငုံရင့် ရွှေနားတင့်လော့ ထောင်နှင့်တရာ နှစ်ဆယ်သာမှ စွန်းလာနှစ်ခု သန်းသို့လု၍ လှုလှုပ္ဈုန် ကျမည်ဟုန်နှင့် နယုန်ဆန်းတက် ကျော်ကိုးရက်တွင် နန်းဆက်ခန့်မြော် ဘကြီးတော်လျှင် ပြည်ကျော်ကုန်းဘောင် အုပ်စိုးဆောင်လျက် မိုးခေါင်စံပြောင်း ဘိုးတော်လောင်းကို မင်းပေါင်းတိုင်းနေ ပူဇော်စေ၍ ရိုသေထုံးရှု သင်းဂြိုဟ်ပြုရှင့် ညစ်ကျုမည်းသမ်း နှလုံးနှမ်းနှင့် ပေါ်ဆမ်းပျားရည် ထဲကွေ့လည်သား ကြံစည်မှားလေ သစ္စာသွေလျက် မြို့ရွှေဝတွင်း ဗိုလ်ပါသွင်း၍ တစင်းပြည်ငြောင့် ငတွန်မှောင့်သော် စိုးနှောင့်မမှတ် ဘကြီးနတ်လျှင် ညီလတ်ညီရင်း ဘရန်နင်းနှင့် လျင်ပြင်းစက်လွှတ် ချီသိမ်းလတ်က လတ်လတ်မျက်မြင် ပါယ်တွင်းဝင်စွ ကရင်ဇပိန်း ရိုင်းလူပြိန်းတို့ တွက်ကိန်းမနိုင် စိုးအုပ်ပိုင်လျက် ခရိုင်ရေလွဲ နယ်ငါးကွဲကို အောင်ပွဲလွန်စွာ ပွဲများရာဟု ဇေယျာဝဎ္ဋန အမည်ရသား မြမြမှိုင်းမို့ ကေတုမြို့ဝယ် ဆက်ပို့ခွန်ဆီ ဘိုးတော်ညီလျှင် ဘီဘီဆန်ဆန် ခြားနားပြန်လည်း မျက်မာန်ဖြည်းညှင်း လုပ်ကြံလျှင်းက ဆန်ငြင်းမဖေါက် ရွှေလက်ရောက်သည် အလျှောက်တည့်ရွံ့ဧ ကြံဆွေးနွေး ။
  61. သီရိပဝရမဟာဓမ္မရာဇာ မည်တော်သာနှင့် ရန်ညှာဖြတ်လှီး ရှင့်ဘကြီးလျှင် တိုင်းသီးတောင်ငူ အောင်ပွဲယူ၍ ရင့်ရူငါးမည် ကြူးဧမြည်လျက် ပြန်လည်ရပ်ဆိုင်း မြို့စကိုင်းဝယ် စံနှိုင်းကင်းမြောက် ရွှေနန်းဆောက်လျက် ဖွင့်မြှောက်ဥကင် ဘိသိက်ယင်၍ မဝင်သောင်းကျန်း ဒလပန်းတုံ ကော့ကွန်းရပ်မှာ တပ်တောင်တာနှင့် ပြည်ရွာကျေးစွန် နှောင့်ရှက်ပြန်ဟု တဖန်ရွှေနား လျှောက်လှာကြားသော် ချီသွားလျှင်ထွေ ဘမ်းဆီးစေက စက်ရွှေတော်ဦး နဘူးညွတ်ခ ကျွန်ဖြစ်ရရှင့် ဆင်ကျားရှင်ဟူ မင်းတမူလည်း ရှိန်ပူဘုန်းရောင် မီးသို့လောင်၍ မရှောင်ဝံကျင် စက်အောက်ဝင်စွ ရေရှင်ချောင်းစပ် နတ်ညွန်းရပ်ဝယ် ဖြူလျှပ်ငွေလျှံ မဟာရံနှင့် မွမ်းမံနီတုံ ကျောင်းရွှေဘုံကို မြဲရုံစေတနာ ဘန်ပြီးခါမှ မဟာဘုံသာ ညာပျံ့ရွှင်း သမိုက်လျှင်း၍ တောင်တွင်းအကျော် ဆရာတော်အား နုမော်ကြည်ဖြူ တင်အပ်လှူရှင့် ဆုယူသောင်းနေ ကိုးကွယ်စေဟု ရေတိရစ်ဝန်း ကန်လယ်ကျွန်းဝယ် ထူးဆန်းကြယ်စွာ သုဓမ္မာနှင့် တိမ်လွှာလွှမ်းခြုံ ရွှေစည်းခုံကို လေးစုံညာဏ်စည် ပွင့်ကြောင်းတည်သည် မြူးခြည်တည့်မမြှေး နောင်ဘို့ကျွေး ။
  62. ကန်တွင်းစည်းခုံ မဟာဘုံကို အာရုံသီးသီး ဆောက်တည်ပြီးသော် ဘကြီးမင်းခေါင် လူတန်ဆောင်လျှင် ငါးထောင်လွှံ့ကျော် တည်အံ့မြော်၍ တိုင်းယော်နက မြန်ဒေသတွင် ကမ်းစတောင်ယံ ပန်းမျိုးပြွံသား နမ္ပဒါမြစ် တောင်သစ္စပန် ရပ်နှစ်တန်ဝယ် မြတ်မွန်လုထိပ် နင်းခဲ့နှိပ်သည် တံဆိပ်နှစ်ဖေါ် ရွှေစက်တော်ကို ဘူးမြော်အံ့ငှါ မတ်ရာသိန်းသောင်း ဆွေတော်ပေါင်းနှင့် ရေကြောင်းထိန့်ဆူ စုန်တော်မူ၍ မည်သူမညွန်း ရွှေစောင်းတန်းဖြင့် ရွှင်လန်းစိတ်သန် ရင့်ဆုပန်မှ ပြန်ခဲ့နန်းလယ် မြန်းစမ္ပာယ်ရှင့် နေ့နှယ်ပြောင်ဝင်း ဘကြီးမင်း၏ သတင်းတမူ လှိုက်ပွက်ဆူမျှ လူကိုထားလွှတ် ဥပပတ်ဖြင့် နာနတ်ရုပ်ဘန် နတ်စစ်မှန်ကို တမန်သွတ်လှယ် စေခိုင်းပယ်၍ ရန်စွယ်ချိုးနုတ် သိမ်းစွန်သုတ်သို့ ထိုးခုတ်သတ်ညှဉ်း နုပ်နုပ်စဉ်းဟု စပ်လျဉ်းကြားဆင့် ကြောက်ရွံ့နှင့်၍ ရာမင့်းအလုံး ရန်စတုံးလျက် စောင့်သုံးရာဇဓံ လွန်ခြိုးချံမှ ဘုံပျံမြေသွန့် လည်ပြန်ကွန့်သည် နှုန်းခန့်တည့်မဝေး နေတပြေး ။
  63. အသမ္ဘိန္န ခတ္တိယတွင် ဝံသမပျက် နေမျိုးရှက်သည် နန်းဆက်သိုက်ဝင် ရွှေနားတင်လော့ ပယ်သင်ရန်မီး ရှင့်ဘကြီးတုံ စံညီးနတ်ဌာန် ပြောင်းကြွပြန်က မကျန်ဆောင်းဦး နှစ်သို့ကူး၍ သန်ကျူးဟေမ နတ်တော်လဝယ် ရှင့်ဘဘုန်းမော် ကျွန်းလုံးမော်လျှင် မယ်တော်ဘုရား ရှစ်သောင်းဖျားနှင့် တိုင်းကားမပူ ရွှေနန်းယူသော် ပစ္စူလွလွ ဥကင်သနှင့် သုဝဏ္ဏဘုမ္မိ အမည်ရှိသား ဟရိဘုဉ္ဇ ကျယ်လှနိုင်ငံ မြို့ရံခွန်ဆော် ငါးဆယ်ကျော်ကို အနော်ရထာ အာဏာပျံ့လှိုင် ကိုယ်တိုင်မြို့လုံး သိမ်းယူကျုံး၍ နိဂုံးဖြစ်ရ ယင်းသည်ကမူ ခြောက်ရာ့ဆဲ့နှစ် သက္ကရာဇ်ဝယ် အသစ်ထောင်ထား လက်ရုံးအားနှင့် ဗညားမှိုင်းရဲ သီးခြားကွဲ၏ စိုးမြဲမပျက် ဆဲ့ရှစ်ဆက်တွင် ဘုန်းစက်နေသွင် ဆင်ဖြူရှင်တုံ ကိုယ်စင်ချီမှ မြို့လုံးရဟု ရှေးကဥဒါန်း ခုတိုင်ထွန်းရှင့် ရွှေနန်းစံနေ ဘဘုန်းဝေမူ သိမ်းချေကျွန်ယုံ စေလွှတ်ရုံနှင့် ရိပ်မြုံပြောကျယ် ပြည်ဇင်းမယ်ကို အလွယ်တကူ စက်အောက်ယူ၍ တိုင်းသူမကြွင်း မင်းနှင့်တကွ ကျွန်ဖြစ်ရသည် အံ့ကြတည့်ချီကြွေး တခြေးခြေး ။
  64. ငါးဆဲ့ခုနစ်ခရိုင် လက်နက်ပိုင်သား သံတိုင်တူမှန်း ဇင်းမယ်နန်းကို ဖြန့်ဝန်းမထူ အလုံးယူဟု ဇမ္ပူတဝိုက် သောင်းလုံးတိုက်ဝယ် ပူအိုက်ချွေးယောက် ကြားတိုင်းကြောက်၍ ခံသောက်သစ္စာ ဆက်ပဏ္ဏာမူ ပုံရာပည်းလှိုင် မသိမ်းနိုင်တည့် ပွင့်ခိုင်နန်းငုံ နာပြန်တုံလော့ စေးချုံအလား ကျင့်ဖေါက်ပြားသည် ထောင်လွှားတစင်း ကသည်းမင်းတုံ လျှောက်ရင်းမေ့ကျန် ယွင်းမမှန်ဟု ဘုန်းသန်တက်တိုး ရွှေစက်ဖြိုးသော် ဝပ်လျှိုးမငုံ့ ဆီးခံတုံ့က သုံ့လက်ရချည်း တလင်းလှည်းသို့ ခြည်းခြည်းဘုန်းရောင် ယူခဲ့ဆောင်၍ ကုန်းဘောင်အောင်မြေ စံမြန်းနေသည် ယဉ်ထွေပတ်ဖြာ မင်းဝံချာထက် ရတနာပူရ မြို့ရွှေဝကို ထာဝရကိန်းညီ တည်သင့်ပြီဟု ဘဘုန်းရှိမူ နှံ့သိရွှေညာဏ် ထောင်စေပြန်ရှင့် ဗိမာန်သိင်္ဃ နဂရ၌ ကြည်လှထဲသံ ရွှေစိတ်ကြံ၍ ဘုံစံတုလွှတ် ကျောင်းတော်မြတ်နှင့် မိုးလတ်တိမ်ပေါ် စေတီတော်မူ ခြောက်ဘော်ရောင်ကွန် ဘဝက်ဝှန်မျှ နိဗ္ဗာန်ဆိပ်ဦး တံဆိပ်ကြူးလျက် အထူးမြွက်ဆု တည်ထားပြုသည် ကောင်းမှုတည့်မြီကြွေး ရင့်ကြောင်းချေး ။
  65. သီရိသုဓမ္မမဟာရာဇာဓိပတိ သာဘိလေးနက် ဘွဲ့တော်ဆက်သည် ပြိုင်ဘက်ပုန်းရှောင် ဘဘုန်းခေါင်မူ ကုန်းဘောင်သာထွတ် ပြည်တမွတ်မှ ပြသာဒ်ဘုံဆန်း ရွှေဝနန်းသို့ ကိန်းခန်းနိမိတ် ရွှေညာဏ်စိတ်လျက် ဗျာဒိတ်သိုက်ယူ ပြောင်းတော်မူ၍ ညွန့်လူမိုးထိ ရှေ့တိုးရှိသား သီရိသုဓမ္မမဟာရာဇာဇိနိန္ဒာဓိပတိ ဘွဲ့ပါဠိနှင့် နက်ကျိလောက်ငံ ဘိသိက်ခံက ခွါချံရန်မျိုး တုပ်ဝပ်ကျိုးစွ ယိုးဒယားမင်း သစ္စာယွင်းဟု ကျွန်းရင်းယုံမှတ် နှစ်ယောက်မတ်ကို စေလွှတ်သည်တွင် စစ်ကြီးဆင်၍ သုရှင်ကြိုးပမ်း ကြိမ်ကြိမ်စမ်းလည်း ဂွမ်းကိုလေမှုတ် လွှင့်လိုက်ထုတ်သို့ ရွဲဆုတ်မတည် ဘုန်းတော်နည်က ဂျွမ်းပြည်သနင်း မင်းလည်းမျက်မှောက် ကြမ္မာရောက်၍ စက်အောက်မကွာ ပြည်လုံးပါအောင် သိမ်းကာဆောင်ယူ ကျွန်းရိုးမူက ဆူဆူရာစင်း အမင်းမင်းတုံ ရွံ့ပြင်းထိတ်လန့် ကြားတိုင်းတွန့်လျက် စက်ဖြန့်ရန်နည် စံလှည့်လည်မူ ဘယ်ပြည်ခန့်ခိုင် မတံ့နိုင်ဟု ရွှေစိုင်မြက်ရှင် မြင်းဆင်ထည်လိပ် ရွှေစက်ရိပ်သို့ ပည်းသိပ်ဖြင်မျှ ဆက်ရောက်ကြသည် ဒီပတည့်ငြိမ်းရေး ပိုက်သိမ်းမွေး ။
  66. လက်ယာတောင်ငူ ကျွန်းဇမ္ဗူဝယ် မတူနှိုင်းနှုန်း ရှင်ဘဘုန်းမူ မဆုန်းစနိုင် သောင်းလုံးယိုင်စွ ကြံ့ခိုင်ကျောက်ခံ နတ်စီမံသား ပုဂံစည်းခုံ ဥဏ္ဏလုံကို ရောင်ဟုံရွှေထီး တင်လှူပြီးသော် တိုင်းကြီးကျယ်ဝင်း ဥဒည်မင်းမူ ကြားတွင်းလန့်ဖျပ် ကြာပွင့်ချပ်သို့ သောင်းတပ်ကိုးရာ သုံးသွယ်လာ၍ မာန်ပါအားကြိုး ပြိုင်လှာထိုးလည်း မစိုးမရိမ် နန်းရွှေအိမ်ဝယ် ရိပ်ငြိမ်မပျက် စမ္ပာယ်လျက်လျှင် အမျက်မဝေ ဖျက်ဆီးစေဟု ပျက်ကျေထောင်းထောင်း ကောင်းကင်ခြောင်းမျှ မြစ်ချောင်းချောက်မြောင် တရုပ်ကောင်တုံ တောတောင်နှံ့စပ် ကြားမလပ်တည့် ဖြီးထပ်လက်နက် စုလှာဆက်သို့ ရွှေစက်တော်အောက် တောင်ရှိမောက်ဟု လွှင့်ဆောက်တံခွန် ကျော်နှံ့မွှန်က စန္ဒပူရီ ကြန်ညီမာတင် တသန်းရှင်တုံ ပုံပြင်ရှေးကျူး မကြားဘူးလည်း နဘူးလက်ထား ရွံ့ခံ့ညား၍ တော်ငြားနတ်ပေး တောင်ညာမွေးသား ရင်သွေးကလျာ ဆက်ပို့လှာသည် ပြစ်ကွာတည့်ငယ်သွေး သွယ်သေးသေး ။
  67. မေရုရာဇ အာလိန္ဒသို့ နှုန်းကြတူစွာ မင်းဝံချာထက် သုံးရာမက ဥဿဘဖြင့် တွက်ဆချင့်မှန်း လွန်ကျယ်ဝန်းသား ထူးဆန်းထပ်တည် ရွှေဝပြည်ဝယ် စိုးသည်ဓမ္မရာဇ် ရှင့်ဘချစ်ကို မာန်ရစ်ထောင်လွှား ဥဒည်ဘွားလျှင် ခိုက်ပွါးရန်လို ရှုံးသည်ကိုမျှ ကိုယ်ရမ်းသိထွေ မနေလေဘဲ ထဲမွှေဆူမှုန် မျက်မာန်ဟုန်ဖြင့် ကောင်းတုံကြောင်းချီ ခေါဘဏီတွင် သိန်းနီတောင်ပိုင် လမ်းနှစ်ဆိုင်က သံအိုင်ရိုက်ထိန့် မြေမိုးအိန့်မျှ တသိန်းနှစ်သောင်း ဈေးသို့ပေါင်း၍ ထပ်လောင်းတဖန် ဆင်းရောက်ပြန်လည်း ရွှေညာဏ်တော်နှင့် ရှုမြှော်ချင့်လျက် မမြင့်ကြည်းရေ လုပ်ကြံစေမူ လျှံဝေဘုန်းခါင် တိုက်သတ်အောင်က များမြောင်လက်နက် သုံ့ပန်းဆက်ရှင့် မာန်ခက်စွမ်းရဲ မြို့မျည်းတဲသို့ ခန့်ခွဲကျွန်ယုံ စေပြန်တုံလည်း များပုံဖြင်ပည်း လက်ရချည်းတည့် ပြည်းပြည်းကုံလု စက်အောင်စုစွ နှိုင်းတုမမြော် သည့်နောက်သော်မူ တေဇော်မောက်ဖြိုး ဆဒ္ဒန်မျိုးကို မြတ်နိုးတနာ နှုတ်သလှာသည် စကြာတည့်တင်ရေး ငြိမ်ဆေးလေး ။
  68. ငွေတောင်သဏ္ဌာန် စုံသည်ကြန်နှင့် ဆဒ္ဒန်မာတင် ဆင်ဖြူရှင်ဟု သောင်းခွင်ကျွန်းတွင်း ရန်မျိုးရှင်းလျက် ပွင့်လင်းသာသနာ တိုင်းထက်သာက သမ္ဘာရင့်ကြောင်း ကျောင်းရံပေါင်းနှင့် ရွှေကျောင်းသုံးရပ် လေးထပ်နှင်နှင် ရွှေဥမင်က ချစ်ရှင်မိန့်ရွတ် ပိဋကတ်ကို ရေးမှတ်ပြီးခါ သိုမှီးရာဟု သိင်္ဂါရောင်ညီး ရွှေတိုက်ကြီးတည် တည်ပြီးဆုယူ သည့်ပြင်မူလည်း ရေသူပန်းမျှ လှူကြွေးချ၍ မြိတ္တဓါတ်ကျွန်း ကောလီဆန်းတွင် ကိန်းခန်းမြှောက်ထောက် ရွှေညာဏ်ပေါက်၍ ချိန်ရောက်ရာသီ မတိုင်မီက ယာယီပြောင်းလှဲ ဓာတ်နန်းတဲမှ ရဲရဲပြောင်ရွှန်း ရွှေဘုံနန်းကို သိမ်းမြန်းအသစ် ကျည်းရှင်လှစ်သော် မင်းစစ်တကာ လက်မုံကြာဖြင့် အချာထွဋ်ထား ဘမင်းဖျားကို ဖြားဖြားယောင်းယောင်း စက်အောက်လျောင်းရှင့် ခါကောင်းကြိုက်ဆုံ ဘုန်းတော်ဟုံကြောင့် ဒဂုံဆံရှင် အသစ်ပြင်ဟု ရွှေစင်ထီးချက် သိကြားဆက်က ရွှေစက်ဖြန့်ချီ နတ်ပေါင်းညီ၍ ရွှေနီဗလံ ပစွန်ခွံဖြင့် မွမ်းမံပြင်ဆင် ရွှေထီးတင်သည် လျှပ်သွင်တည့်ရောင်ပြေး နီတွေးတွေး ။

ပလိပ်စားဧချင်း နိဋ္ဌိတံ။