ပန်းသည်
Jump to navigation
Jump to search
←၇။ နွေဦးမြိုင်လယ် | မောင်ခွေးဖို့ ကဗျာများ by ၈။ ပန်းသည် |
၉။ ယီးလေလေး→ |
မောင်လေးရေ
ထပါတော့
ရောင်နီ လာလှပေါ့။
တစ်ကျော့နှစ်ကျော့
တေးကိုသီ
ငှက်ကျား နှုတ်ပလီ။
တောင်ဆီနားက
ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။
ဗန်းလေးယူခဲ့
မောင်လေးရယ်
သွားကောက်ချေစို့ကွယ်။
ပန်းသည်လုပ်စို့
တပြုံးပြုံး
ပန်းတွေ တကုံးကုံး။ ။
This work was published before January 1, 1929, and is in the public domain worldwide because the author died at least 100 years ago. |